ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

အလုပ်အကိုင် အခွင့်အလမ်းများ

သင့်အတွက် ကောင်းမွန်သော
အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက်
ကူဘိုတာနှင့်ဆက်သွယ်လိုက်ပါ။

ကူဘိုတာ မြန်မာကုမ္ပဏီကို ဝင်ရောက်စေလိုခြင်း အကြောင်းအရင်း

ဂျပန်နိုင်ငံ၏ အကြီးမားဆုံး စက်မှုပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော ကူဘိုတာကော်ပိုရေးရှင်း၏ အရောင်းကုမ္ပဏီတစ်ခုဖြစ်သည့် ကူဘိုတာမြန်မာကုမ္ပဏီလီမိတက်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့်ကုမ္ပဏီမှ ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသော စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ နှင့် ၄င်းတို့နှင့် ဆက်စပ်လျှက်ရှိသော အပိုပစ္စည်းများအား မြန်မာပြည်တစ်ဝှမ်းလုံးသို့ ဖြန့်ချီရောင်းချပေးလျှက် ရှိပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီသည် သုံးစွဲသူများအား အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးလျှက် ရှိပါသည်။

“For Earth, For Life”. ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျွန်ုပ်တို့က မြန်မာပြည်သူပြည်သားများ၏ အကျိုးစီးပွားကို တိုးတက်စေရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူတကွ အောင်မြင်မှုများကို ပူးပေါင်းဆောင်ရွက်လိုသည့် ဝန်ထမ်းများကိုလည်း ကျွန်ုပ်တို့ကုမ္ပဏီမှ ကြိုဆိုလျက်ရှိပါသည်။

အလုပ်အကိုင် အခွင့်အလမ်းများ

ကျွန်ုပ်တို့ ကုမ္ပဏီမှ လစ်လပ်ရာထူးအတွက် အောက်ပါဝန်ထမ်းများကို ရှာဖွေလျှက် ရှိပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီကို ဝင်ရောက်ခြင်းအားဖြင့် နိုင်ငံတစ်ကာ စံနှုန်းနှင့်ညီသော အခွင့်အလမ်းများကိုလည်း ရရှိနိုင်ပါသည်။ သင်နှင့် ကိုက်ညီသော အလုပ်အကိုင် အခွင့်အလမ်းများကို အောက်ပါ အသေးစိတ် အချက်အလက်များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

  • အရောင်းဌာန

    ・စျေးကွက်ရှာဖွေသော ဌာနခွဲ
    ・ထောက်ပံ့ ပို့ဆောင်ရေး ဌာနခွဲ
  • ဝန်ဆောင်မှုပေးသည့်ဌာန

    ・အထက်မြန်မာပြည် ဌာနခွဲ
    ・အောက်မြန်မာပြည် ဌာနခွဲ
    ・ဝန်​​ဆောင်​မှုစီမံကိန်း​ရေးဆွဲခြင်​: ဌာနခွဲ
    ・စက်အပိုပစ္စည်း အရောင်းဌာနခွဲ
  • ထုတ်လုပ်မှုဌာန

    ・ထုတ်လုပ်မှု ဌာနခွဲ
  • ပူ:ပေါင်းဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲမှုဌာန

    ・စာရင်းအင်း ဌာန
    ・လူ့စွမ်းအား အရင်းအဖြစ် နှင့် အုပ်ချုပ်မှု ဌာနခွဲ
    ・သတင်း နည်းပညာ ဖြန့်ဝေသည့် ဌာနခွဲ
    ・သွင်းကုန် ၊ ထုတ်ကုန် အုပ်ချူပ်မှု ဌာနခွဲ

ဝန်ထမ်းများ၏ အကျိူးခံစားခွင့်များ

ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ အကျိုးစီးပွားတိုးတက်မှုနှင့်အတူ ကျွန်ုပ်တို့ ၀န်ထမ်းများ၏လုပ်ငန်းခွင်အတွင်း စိတ်ကျေနပ်ပျော်ရွှင်မှုအတွက်လည်း အထူးအလေးထားပါသည်။ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှု၊လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှု၊ပျော်ရွှင်မှုများနှင့်အတူ စိတ်ဓါတ်တက်ကြွစေသော လုပ်ငန်းခွင်ဖြစ်လာစေရန် အတွက်လည်း ထောက်ပံ့ပေးလျှက်ရှိပါသည်။ အထူးသဖြင့် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ဝန်ထမ်းများအတွက် ရုံးသွား၊ ရုံးပြန် အကြို၊အပို့ယာဉ်စီစဉ်ပေးခြင်း။
  • ဝန်ထမ်းများကို ဆေးကုသမှု စရိတ်ခံစားခွင့် ပြုခြင်း။
  • ဝန်ထမ်းများအတွက် လုပ်ငန်းခွင်ထိခိုက်မှုများရှိခဲ့လျှင် အာမခံထားရှိပေးခြင်း။
  • ဝန်ထမ်းများအတွက် ရာထူးတိုး အခွင့်အလမ်းများ ရှိခြင်း။
  • ဝန်ထမ်းများကို အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများရှိနိုင်စေရန်အတွက် ခံစားခွင့်ပေးခြင်း။
  • လုပ်ငန်းခွင်အတွင်း မိမိနှင့်သက်ဆိုင်သော အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့လာနိုင်ခြင်း။
  • ဝန်ထမ်းများအတွက် အချိန်ပိုကြေးခံစားခွင့်များ ရှိခြင်း။
  • ဝန်ထမ်းများအတွက် ရုံးယူနီဖောင်း စီစဉ်ပေးခြင်း။
  • ကုမ္ပဏီရုံးဖွင့်ရက်နှင့် ရုံးချိန် - တနင်္လာမှ သောကြာ၊ ၀၈:၀၀ မှ ၁၇:၀၀ အထိ။

ကူဘိုတာ အဖွဲ့အစည်းအကြောင်း

ကူဘိုတာ အဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု အဖြစ် ဦးဆောင်နေသော ကုမ္ပဏီဖြစ်ပါသည်။အထူးသဖြင့် စိုက်ပျိူးရေး၊ရေနှင့်လူနေထိုင်မှုပတ်၀န်းကျင်အတွက်ထုတ်ကုန်များအား ကမ္ဘာပေါ်တွင် ကွန်ယက်ပေါင်း ၁၁၀ ကျော်ဖြန့်ကျက်ကာ ထုတ်လုပ်ဖြန့်ချီလျှက်ရှိပါသည်။ ၁၈၉၀မှစတင်ကာ ကူဘိုတာသည် ထူးခြားသောရှားပါးသော နည်းလမ်းဖြင့် စားနပ်ရိက္ခာ၊ရေနှင့်သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ကိစ္စရပ်များအား ကူညီဖြေရှင်းရန်၊ကြိုတင်သိမြင်ကာ နည်းပညာဖြင့်အားဖြည့် ကူညီခဲ့သည်။ယခုအချိန်တွင် ကူဘိုတာမှ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ၊ အင်ဂျင်များ၊ ဆောက်လုပ်ရေးသုံးစက်ပစ္စည်းများ၊ ရေ၊ သဘာ၀ပတ်၀န်းကျင်နှင့် သဟဇာတဖြစ်စေရန် ပြုပြင်ထုတ်လုပ်ထားသည့် ထုတ်ကုန်များနှင့်၀န်ဆောင်မှုအမျိုးမျိုးကိုလည်း ရရှိနိုင်ပါသည်။
“For Earth, For Life” ကို ကျွန်ုပ်တို့၏အမှတ်တံဆိပ်ကြေငြာချက် အဖြစ်ထားခြင်းအားဖြင့် ကူဘိုတာသည် ကျွန်ုပ်တို့၏ ၀ယ်ယူသူများအတွက် တန်ဖိုးမြင့်ထုတ်ကုန်များနှင့်ဖြေရှင်းချက်များကို ဆက်လက်ဖန်တီးသွားပါမည်။

ကူဘိုတာအားရှာဖွေပါ

ကူဘိုတာ ကို လှပစွာ‌ပြောင်းလဲလျက်ရှိသော ရာသီဥတု လေးမျိုးရှိသည့် ဂျပန်နိုင်ငံတွင်စတင်တည်ထောင်ခဲ့ပါသည်။
၁၈၉၀ ခုနှစ်မှစ၍ ဂျပန်နိုင်ငံ၏ ရေနှင့်မြို့ပြပတ်၀န်းကျင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပါအ၀င် ကျန်းမာ၍ ကောင်းမွန်ပြည့်စုံသော လူနေမှုပုံစံများ ကျယ်ပြန့်စွာ အကောင်အထည်ဖေါ်ဆောင်ရာတွင် အထောက်အပံ့ပေးနေခဲ့ပါတယ်

ကုမ္ပဏီကမ္ဘာလုံးဆိုင်ရာ ကူဘိုတာအဖွဲ့အစည်း

ကူဘိုတာ အဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု အဖြစ် ဦးဆောင်နေသော ကုမ္ပဏီဖြစ်ပါသည်။အထူးသဖြင့် စိုက်ပျိူးရေး၊ရေနှင့်လူနေထိုင်မှုပါတ်၀န်းကျင်အတွက်ထုတ်ကုန်များအား ကမ္ဘာပေါ်တွင် ကွန်ယက်ပေါင်း ၁၁၀ ကျော်ြဖန့်ကျက်ကာ ထုတ်လုပ်ဖြန့်ချီလျှက်ရှိပါသည်။

သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုကမ္ဘာလုံးဆိုင်ရာ ကူဘိုတာအဖွဲ့အစည်း

အစားအစာ၊ရေနှင့်ပတ်ဝန်းကျင်အတွက်သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုများမှတဆင့်ကမ္ဘာအနှံ့မကြုံစဖူးသောတန်ဖိုးနှင့်လှုံ့ဆော်မှုများကိုဖြန့်ဝေရန် အတွက်ဖြစ်တယ်။