ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ဂျပန်လူမျိုးတို့ ၏ ထူးချွန်မှု

ကူဘိုတာဂျပန်သာလျှင်ပေးစွမ်းနိုင်သော ထူးခြားသော အားသာချက်များ

ကူဘိုတာ ကို လှပစွာ‌ပြောင်းလဲလျက်ရှိသော ရာသီဥတု လေးမျိုးရှိသည့် ဂျပန်နိုင်ငံတွင်စတင်တည်ထောင်ခဲ့ပါသည်။ ၁၈၉၀ ခုနှစ်မှစ၍ ဂျပန်နိုင်ငံ၏ ရေနှင့်မြို့ပြပတ်၀န်းကျင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပါအ၀င် ကျန်းမာ၍ ကောင်းမွန်ပြည့်စုံသော လူနေမှုပုံစံများ ကျယ်ပြန့်စွာ အကောင်အထည်ဖေါ်ဆောင်ရာတွင် အထောက်အပံ့ပေးနေခဲ့ပါတယ် Kubota သည် ၎င်း၏အမှတ်အသားကို ကမ္ဘာပေါ်ရှိကုမ္ပဏီများအကြားတွင်ထင်ရှားလာစေရန်မည်သို့လုပ်ဆောင်ခဲ့သနည်း? ဂျပန်နိုင်ငံတွင်မွေးဖွားခြင်း၏ထူးခြားသောအားသာချက် - “ဂျပန်လူမျိုးတို့၏ထူးချွန်မှု”

ဂျပန်နိုင်ငံတွင်မွေးဖွားခြင်းကြောင့် ကူဘိုတာထုတ်ကုန်များဟာ အရာအားလုံးဖြစ်နိုင်ပါတယ်

ကူဘိုတာကိုပစိဖိတ်အနောက်မြောက်ကမ်းရိုးတန်းဒေသကျွန်းစုပေါ်ရှိ ဂျပန်နိုင်ငံတွင်မွေးဖွားခဲ့သည်။ ဂျပန်နိုင်ငံ သည်ထူးခြားပြီး စိန်ခေါ်မှုရှိသော ပတ်ဝန်းကျင်ရှိသည့်အတွက်ကြောင့်လူမှုဘ၀ကောင်းမွန်တိုးတက်စေရန် အမျိုးမျိူးသောတီထွင် စမ်းသစ်မှုများ လိုအပ်ပါသည်။ ကူဘိုတာသည် ကုန်ထုတ်လုပ်မှုတွင် လူမှုပတ်၀န်းကျင်အားရှေးရှုသော‌ကြောင့် ဂျပန်လူမျိုးများသည်အ မြဲတမ်း လုံခြုံမှုနှင့်ငြိမ်းချမ်းစွာနေထိုင်နိုင်လျှက်ရှိပါသည်။ ဂျပန်နိုင်ငံတွင် စတင်လာခဲ့ခြင်းအားသာချက်ကြောင့်- “ဂျပန်လူမျိုးတို့ ၏ ထူးချွန်မှု’’ဖြင့်ထုတ်လုပ်ထားသော ကမ္ဘာအနှံ့သို့ပို့ဆောင်လျှက်ရှိသည်ကို တွေ့ရှိနိုင်ပါသည်။

STRENGTHS OF BEING BORN IN JAPAN01

မြေဆီမြေနှစ်ကောင်းမွန်သောနိုင်ငံ

ဂျပန်ကျေးလက်ဒေသ၏နေ့စဉ်ဘ၀သန့်ရှင်းလတ်ဆတ်သော လေထုကို ရှုရှိက် ၍ စပါးခင်းများ သည်လည်း ကောင်းမွန်သော မြေဆီမြေသြဇာများ နှင့်ပြည့်နေပါသည်။ ဤရှုခင်းများကြားတွင် ကူဘိုတာသည်စိုက်ပျိုးရေးလုပ်ငန်းများ ကိုနှစ်ပေါင်းများစွာထောက်ပံ့ပေးခဲ့သည်, တခြားနိုင်ငံတွေကတင်သွင်းတဲ့စက်အများစုကို သေးငယ်သော ရွံနွှံထူတပ်သော စပါးစိုက်ခင်းများတွင် အသုံးပြုရန် မသင့်တေဖော်ခြင်းကြောင့် ကူဘိုတာမှလိုအပ်ချက်နှင့်ကိုက်ညီသော စိုက်ပျိုးရေးသုံး စက်ကိရိယာများကိုစတင်ထုတ်လုပ်ခဲ့ပါသည်။ ထိုမှစတင်ကာ ကူဘိုတာသည် စိုက်ပျိုးရေး ကဏ္ဍ အတွက် ထွန်ယက်ခြင်းနှင့်စိုက်ပျိုး,ရိတ်သိမ်းမှုများအတွက် အလုံးစုံလိုအပ်သော လေးဘီးထွန်စက်,ကောက်စိုက်စက်နှင့်ရိတ်သိမ်းခြွေလှေ့စက်များကို ထုတ်လုပ်ခဲ့သည်။

STRENGTHS OF BEING BORN IN JAPAN02

လှပသောအဆောက်အဦးများရှိသည့်နိုင်ငံ

ဂျပန်သည် လူဦးရေ ၁၂ သန်းကျော်နေထိုင်လျှက်ရှိသော ကျွန်းစုနိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ မြေနေရာ ကျဉ်းမြောင်းသော‌ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းတွင် အသုံးပြုနိုင်ရန် ကျစ်လစ်သော အရွယ်အစား ဒီဇိုင်းဖြင့် တီထွင်ထားသော ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများကို စတင်ထုတ်လုပ်ခဲ့သည်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုသည်လူတို့၏နေ့စဉ်ဘ၀နှင့်နီးကပ်စွာဆက်နွယ်မှုရှိသဖြင့် သစ်ပင်များနှင့်လူတို့ ၏ နေ့စဉ်လှုပ်ရှားမှုများကိုအနှောင့်အယှက်မဖြစ်စေမည့် ဒီဇိုင်းဖန်တီးမှုများ လိုအပ်ခဲ့သည်။ ထို့ကြောင့် ကူဘိုတာသည် ကျစ်လစ်သိပ်သည်းသောဒီဇိုင်းဖြင့် တီထွင်ထားသော စွမ်းအားမြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများကို့ ကမ္ဘာတစ်၀ှမ်းသို့ ပံပိုးပေးလျှက်ရှိပါသည်။

STRENGTHS OF BEING BORN IN JAPAN03

ရာသီဥတုများစွာရှိသောနိုင်ငံ

ဂျပန်သည်မြောက်မှတောင်သို့ရှည်လျားစွာ သွယ်တန်းလျက်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အချို့ဒေသများတွင်ဆီးနှင်းများထူထပ်စွာကျဆင်းလျှက်ရှိပြီး အချို့‌ဒေသများတွင် ‌နွေးထွေးသော အပူပိုင်း‌ဒေသများကို တွေ့မြင်နိုင်သော ရှုခင်းများစွာရှိသည့် နိုင်ငံငယ်လေးတစ်ခုဖြစ်သည်။ ကောင်းမွန်သာယာ‌သော ရာသီဥတုများပိုင်ဆိုင်ထား‌သော်လည်း သဘာဝသယံဇာတများမလုံ‌လောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် မည်သည့်ရာသီဥတုတွင်မဆို ယုံကြည်စိတ်ချစွာလည်ပတ်နိုင်သော ‌လောင်စာဆီစွမ်းအင်သုံး အင်ဂျင်များလိုအပ်ပါသည်။ ကူဘိုတာအင်ဂျင်များကိုစိုက်ပျိုးရေးနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများသာမကလူနေအိမ်သုံးမြက်ရိတ်စက်များနှင့်မီးစက်များ၊ မိုဘိုင်းအလင်းရောင်မျှော်စင်များ၊ ရွေ့လျားဂဟေစက်များ၊ ဘိုးရင်းစက်နှင့်အခြားစက်မှုလုပ်ငန်းသုံးစက်ပစ္စည်းများ၌လည်းအသုံးပြုနိုင်ပါသည်။

ဆန်တစ်စေ့၊ ရေတစ်စက်၊ သဲတစ်ပွင့်

အစိတ်အပိုင်းတစ်ခုစီ၏တိကျမှုမှသည်ထုတ်ကုန်ကိုမည်သို့အသုံးပြုမည်ကို ဂရုတစိုက်စဉ်းစားသော ဒီဇိုင်းအထိ ကူဘိုတာ သည် ၎င်း၏ထူးခြားသောစနစ်များနှင့်စက်ပစ္စည်းများကိုဂုဏ်ယူသည်။ ကျွန်ုပ်တို့၏ထုတ်ကုန်များသည်လူပုဂ္ဂိုလ်တစ် ဦး ချင်းနှင့် လူ့အဖွဲ့အစည်းတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကိုဖြေရှင်းသည့်ဘက်စုံချဉ်းကပ်မှုအပေါ်ကျွန်ုပ်တို့၏ကတိက၀တ်ပြုမှုကိုဖော်ပြသည်။ ထိုသို့သောဂရုတစိုက်စဉ်းစားဆင်ခြင်မှုကိုလူတိုင်းသတိမပြုမိကြပါ။ သို့သော်ဤကတိကဝတ်သည်ယနေ့ကမ္ဘာပေါ်တွင်“ဆန်တစ်စေ့၊ ရေတစ်စက်၊ သဲတစ်ပွင့်” ကို ဦး တည်စေသည်။