ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

လယ်ထွန်စက်

ထုတ်လုပ်မှုစွမ်းအားကောင်းပြီးယုံကြည်ရသော

တောင်သူဦးကြီးတို့အနေနဲ့လယ်ယာစိုက်ပျိုးရေးနယ်ပယ်မှာ စွမ်းအားမြင့်မားခြင်း၊လုပ်ငန်းမျိုးစုံတွင်အသုံးပြုနိုင်ခြင်း၊ မောင်းနှင်ရာတွင်စမတ်ကျကျသက်တောင့်သက်သာရှိခြင်းနှင့် ထုတ်လုပ်မှုစွမ်းအားမြင့်မားတဲ့လယ်ထွန်စက်အမျိုးအစားကို သုံးစွဲချင်တယ်ဆိုရင်ဖြင့်ကူဘိုတာလယ်ယာသုံးပစ္စည်းများက တောင်သူဦးကြီးတို့အတွက် တစ်ခုတည်းသောအဖြေပါပဲ။

ကူဘိုတာ Brand ဟာဆိုရင် ဂျပန်နိုင်ငံမှ ဂျပန်နည်းပညာနှင့် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများကို ပံ့ပိုးပေးနေတာပဲဖြစ်ပါသည်။ လယ်မြေများမှသည် ယာမြေများအထိ ထွန်ယက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုများအတွက် စွမ်းအားမြင့် မြင်းကောင်ရေအမျိုးအစားများစွာရှိပါသည်။ ထိုအမျိုးအားများမှာ B-Series မြင်းကောင်ရ ၂၄ မှ ၂၇၊ L-Series မြင်းကောင်ရေ ၃၂ မှ ၅၀၊ MU-Series မြင်းကောင်ရေ ၄၇ မှ ၅၅၊ M-Series မြင်းကောင်ရေ ၆၀ မှ ၁၀၈ အထိရှိပါသည်။ ယခုမြင်းကောင်ရေများသည် မြန်မာနိုင်ငံ၏ လယ်ယာမြေများအတွက် အကောင်းမွန်ဆုံးပဲ ဖြစ်ပါသည်။ မိမိလယ်ယာမြေနှင့် သင့်တော်သော လယ်ထွန်စက်အမျိုးအစားကိုရွေးချယ်ဝယ်ယူနိုင်ပါသည်။ တောင်သူဦးကြီးများအနေဖြင့် လယ်ယာလုပ်ငန်းများ အတွက် ကူဘိုတာ လယ်ထွန်စက်များကို အသုံးပြုမည်ဆိုရင် လုံခြုံစိတ်ချရသော မောင်းနှင်မှု၊ သက်တောင့်သက်သာရှိမှု နှင့်အတူ အကြမ်းခံနိုင်မှုများကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။





လယ်ယာမြေမှာ စိတ်အေးချမ်းသက်သာစွာထွန်ယက်နိုင်မယ့် တောင်သူဦးကြီးတို့အတွက် ကူဘိုတာရဲ့ ထပ်လောင်း ဂရုစိုက်မှု “Kubota Care Plus”

Kubota M-Series လယ်ထွန်စက်တိုင်းမှာ ကူဘိုတာရဲ့ ထပ်လောင်း ဂရုစိုက်မှု “Kubota Care Plus” ပါဝင်တဲ့အကြောင်းလေးကို သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ...

Kubota Care Plus က ဘယ်လိုကာကွယ်မှုတွေကိုပေးထားတာလဲ?

လုပ်ငန်းခွင်အတွင်း
🔰ထွန်စက် မတော်တဆတိုက်မိခြင်း
🔰တိမ်းမှောက်ခြင်း
🔰တိုက်ပြီးခြင်း သို့မဟုတ် တိမ်းမှောက်ခြင်း၏အကျိုးဆက်များ
🔰မီးလောင်ခြင်း သို့မဟုတ် ပြင်ပပေါက်ကွဲမှုဖြစ်ပေါ်ခြင်း
🔰မိုးကြိုးပစ်၍မီးလောင်ခြင်း
🔰တခြားသူမှ မလိုတမာဖျက်စီးခြင်း
🔰လယ်ထွန်စက်ပေါ်သို့ ပစ္စည်း၊ အရာဝတ္ထုပြုတ်ကျခြင်း
🔰သဘာဝဘေးအန္တရာယ်များ (ရေကြီးခြင်း၊ လေမုန်တိုင်းအမျိုးမျိုး၊ မြေငလျင်လှုပ်ခြင်း) တို့ဖြစ်ပေါ်ခဲ့ပါကလည်း

ကူဘိုတာက အပြည့်အဝကာကွယ်ပေးထားပါတယ်။ ကူဘိုတာ သုံးစွဲသူတောင်သူဉီးကြီးတို့အတွက် Kubota Care Plus ထပ်လောင်းဂရုစိုက်မှုနှင့်အတူ လုံခြုံစိတ်ချရသောခံစားမှုဖြင့် လုပ်ငန်းလုပ်ကိုင်နိုင်ပါပြီခင်ဗျာ

LINE UP

BSERIES

မြင်းကောင်ရေ 24-27

KUBOTA B-Series လယ်ထွန်စက်များသည် စိုက်ပျိုးရေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဖြစ်သော ပေါင်းရှင်းခြင်း၊ ပိုးသက်ဆေးဖြန်းခြင်း၊ ကြံပင်များအတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းတွေမှာ အလွန်ပင် အသုံးဝင်ပါသည်။ အကောင်းမွန်ဆုံးသော အင်ဂျင်နှင့် ကျစ်လစ်သောကိုယ်ထည်ဒီဇိုင်းရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများမှာ အမြင့်မားဆုံးစွမ်းဆောင်မှုများအတွက် အဆင်သင့်ရှိနေပါသည်။

LSERIES

မြင်းကောင်ရေ 32-50

KUBOTA L -Series လယ်ထွန်စက်များသည် စိုစွတ်သောလယ်မြေများ မှ ခြောက်သွေ့သောယာမြေများ အထိ စိုက်ပျိုးရေး အလုပ်အကိုင်များတွင် စွမ်းအားမြင့်စွာ ထွန်ယက်နိုင် သည့် အပြင် ကူဘိုတာ ဒီဇယ် အင်ဂျင် လယ်ထွန်စက်များသည် မောင်းနှင်ရ လွယ်ကူပြီး များစွာသော နောက်တွဲ ကိရိယာ များနှင့် တွဲဖက်အသုံးပြုနိုင်ပါတယ်။

MUSERIES

မြင်းကောင်ရေ 49-57

MU series ထွန်စက်ဟာဆိုရင်ဖြင့် မြန်မာနိုင်ငံရှိ တောင်သူများ ၏ လိုအပ်ချက်ကိုအခြေခံထားကာ အရည်အသွေးကောင်းမွန်ပြီး ယာလုပ်ငန်းများတွင် အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်ပါတယ်။
ကြာရှည်စွာ အသုံးခံနိုင်ပြီး ဆီစားနှုန်းသက်သာကာ စိုက်ပျိုးရေးလုပ်ငန်းခွင်များ အတွက် သက်တောင့်သက်သာစွာဖြင့် လုပ်ဆောင်နိုင်ပါတယ်။
အထူးသဖြင့် အင်ဂျင်အသံညက်ညောခြင်း နဲ့ သက်တောင့်သက်သာဖြင့်မောင်းနှင်ရလွယ်ကူခြင်းတွေဟာဆိုရင် MU series ရဲ့အဓိက လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။MU series ထွန်စက်ဟာဆိုရင် သင့်ရဲ့ စိုက်ပျိုးထွန်ယက်ခြင်းလုပ်ငန်းခွင်တိုင်းကို နှစ်ပေါင်းများစွာတိုင် အကောင်းမွန်ဆုံးအထောက်အကူပြုသွားမှာအသေအချာပါပဲ။

MSERIES

မြင်းကောင်ရေ 60-108

KUBOTA M-Series လယ်ထွန်စက်များသည် ခက်ခဲကြမ်းတမ်းသောလုပ်ငန်းများအတွက် ကြီးမားသည့်စွမ်းအား နှင့် ထွန်ယက်မှု စွမ်းဆောင်ရည်တို့ပေါင်းစပ်ထားပြီး ကူဘိုတာ လယ်ထွန်စက်တိုင်းကို တကယ့်လက်တွေ့အခြေအနေတွင် စမ်းသပ်ပြီးဖြစ်ကာ အမြင့်မားဆုံး စွမ်းဆောင်ရည် နဲ့ ထွန်ယက်မှုကို ရရှိနိုင်ပါတယ်။

ဝန်ဆောင်မှု