ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ဆက်စပ်ပစ္စည်း

လိုအပ်ချက်နှင့်အညီရွေးချယ်နိုင်သော နောက်တွဲကိရိယာများ

သင့်လုပ်ငန်းခွင် လိုအပ်ချက်နှင့်ကိုက်ညီသော အသင့်တော်ဆုံး တွဲဖက်ကိရိယာများကို ရွေးချယ်လိုက်ပါ။

စိုက်ပျိုးရေးလုပ်ငန်းများတွင်ကောင်းမွန်စွာထယ်ရေးထွန်ရေးများလုပ်ဆောင်နိုင်ရန်ထွန်စက်၏နောက်တွဲပစ္စည်းများသည်လည်း အဓိက ကျလှပါတယ်။ ထို့ကြောင့် ကူဘိုတာသည် ထွန်စက်များကိုသာမက ၎င်းနှင့် တွဲဖက်ကာ ဟန်ချက်ညီညီ စွမ်းဆောင်ရည် မြင့်မားစွာလုပ်ဆောင်နိုင်စေရန်နောက်တွဲပစ္စည်းများကိုလည်းမြင်းကောင်ရေအလိုက် ထုတ်လုပ်ပေးထားပါတယ်။ ဒါကြောင့်သင့်ရဲ့ထွန်ယက်ခြင်းလုပ်ငန်းများတွင်စွမ်းဆောင်ရည်မြင့်အကြမ်းခံနိူင်သောကူဘိုတာထွန်စက်များနှင့် တွဲဖက်ပစ္စည်းများကို အသုံးပြုခြင်းအားဖြင့် အကျိုးအမြတ်များတိုးပွါးစေမှာ အသေချာပါပဲ။

LINE UP

ပတ်လည်ခုတ်စက်

ကူဘိုတာတွင် လယ်ယာမြေအခြောက်အတွက်နှင့် အစိုအတွက် ခုတ်စက် နှစ်မျိုးထုတ်လုပ်ထားပြီး မြေကြီးကိုကောင်းမွန်နက်ရှိုင်းစွာ ထွန်ယက်နိုင်ပါတယ်။ ဓားသွားများသည် အထူးကောင်းမွန်စွာ မြေယာပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကြံစိုက်ခင်း၊ ပြောင်းစိုက်ခင်း သို့မဟုတ် ပီလောပီနံ စိုက်ခင်းမြေယာပြင်ဆင်သည့်အပိုင်းတွင် ထိရောက်စွာဖြင့် ပေါင်းများကိုခုတ်ထွင်၍မြေကြီးနှင့်ရောစပ်လိုက်ပြီးနောက် သီးနှံများကိုလျှင်မြန်စွာကြီးထွားနိုင်စေပါတယ်။

ထယ်ခုံ

ထယ်ဝိုင်းပြားတစ်ချပ်စီ ထယ်ရေးရစေသောပုံစံ ထုတ်လုပ်ထားသည်။ မြင်းကောင်ရေ အလိုက် ထယ်ဗန်းအချပ်ရေ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဆီစားသက်သာ၍ မြေကို နက်ရှိုင်းစွာ နှင့် ကြေညက်စွာထွန်ယက်နိုင်ပြီး ရိုးပြတ်များ မကျန်စေဘဲ မည်သည့်မြေအမျိုးစားတွင်မဆို လိုအပ်ချက်အတိုင်း ချိန်ညှိမောင်းနှင်နိုင်ပြီး တာရှည်အကြမ်းခံနိုင်စွမ်းရှိပါတယ်။

ထွန်ခုံ

ကူဘိုတာထွန်စက်အတွက်အထူးပုံစံထုတ်လုပ်ထားခြင်းဖြစ်သည်။ ထယ်ဗန်းအနားစောင်းများအားထက်နေအောင်ပြုလုပ်ထားသဖြင့် ထယ်ရေးနက်နက်ကို တသမက်တည်းရစေ၍ ပေါင်းများကိုထိရောက်စွာ ရှင်းနိုင်ပြီး မြေအမျိုးစားမရွေး အသုံးပြုနိုင်သည်။

မြေထိုး‌ဂေါ်

ရှေ့မြေထိုးဂေါ်အမြင့်သည် မြင်းကောင်ရေ အလိုက်သင့်လျော်သောအကွေးရှိသောကြောင့်၊ လျှင်မြန်စွာ ထိရောက်စွာဂေါ်ထိုးနိုင်ပြီး ဘီးချော်မှုကိုလျော့ချေပေးသည်။မြေထိုးဂေါ်၏ကိုယ်ထည်သည် ထွန်စက်နှင့် အံဝင်ဂွင်ကျဖြစ်စေရန်ဒီဇိုင်းပြုလုပ်ထားဖြင့် ပိုမိုကောင်းမွန်သောတွန်းအားကိုရရှိစေသည်။ဂေါ်၏ဓားသွားအား သုံးစွဲမှုသက်တမ်းကြာရှည်ခံစေရန် ခိုင်မာသော ရှေ့မြေထိုးဂေါ်ဝင်ရိုးတစ်စုံလုံးမှ ပံ့ပိုးပေးထားသည်။

၀န်ချီစက်

အလုပ်သမားရှားပါးမှုတွင် အစားထိုးနိုင်ပြီးအချိန်ကုန်သက်သာစွာ အလျှင်အမြန်ဆောင်ရွက်နိုင်သောကြောင့် စိုက်ပျိုးရေးထုတ်ကုန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဥ်များဖြစ်သော ပီလောပီနံ၊ ရာဘာ၊ ဆီအုန်း၊ နောက်ချေး အစရှိသည်များကို နောက်တွဲသို့တင်ရာတွင်အသုံးပြုနိုင်သလို ကျောက်၊ မြေကြီး၊ သဲ မချီရာတွင်လည်း အသုံးပြုနိုင်ပါသည်။

မြက်ဖြတ်စက်

မြက်ပင်များကို အကောင်းမွန်ဆုံးဖြတ်နိုင်သည်။ ကိုယ်ထည်ပုံစံကို စကီးပြားတစ်ခုတည်းဖြင့် တည်ဆောက်ထားပြီး ခုံးထားသောနေရာတွင်မြက်ဖြတ်အားကိုတိုးမြင့်ပါသည်။ ကိုယ်ထည်စကီးနှင့် အသွားစကီးသည် အရည်အသွေးမြင့်မားပြီး ထုထည်ကြီးမားသန်မာသော သံမဏိနှင့်ပြုလုပ်ထားသဖြင့် အကြမ်းခံတာရှည်ခံနိုင်သည်။ စကီးကိုအဆင့် ၆ ဆင့်အထိ ချိန်ညှိနိုင်ပြီး ဓားသွားလုပ်ဆောင်ချက်နှင့် မြက်ပင်များအား အကောင်းမွန်ဆုံးခုတ်ဖြတ်နိုင်သည်။

ကောက်ရိုးထုံးစက်

ကောက်ရိုးထုံးစက်သည် ကောင်းမွန်သပ်ရပ်သော ကောက်ရိုးထုံးများကို တစ်ရက်လျှင် ၁၆၀၀ ထုံးထိထုတ်လုပ်ပေးနိုင်ပါတယ်။ ပေါ့ပါးသော ၀ိတ်ရှိတာကြောင့် အထူးသဖြင့် မြင်းကောင်ရေ ၄၀ နှင့် ၅၀ များတွင် အသုံးပြုနိုင်ပြီး မည်သည့်မြေအနေထားတွင်မဆို အသုံးပြုနိုင်ပါသည်။

အထူးပြုလုပ်ထားသော တွဲဖက်ပစ္စည်းများ

ဝန်ဆောင်မှု