ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ကျွန်ုပ်တို့ဘယ်သူလဲ

ဂျပန်နိုင်ငံအတွက် အစားအစာ၊ ရေနှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် အထူ:ကျွမ်းကျင်သူတစ်ဦးအဖြစ် နှစ်ပေါင်း ၁၃၀ တိုင်အောင် ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

ကူဘိုတာကို တည်ထောင်ပြီးချိန်မှစ၍ လူသားများအတွက် အရှိမဖြစ်လိုအပ်သော အစားအစာ၊ ရေနှင့် သဘာဝပတ်ဝန်းကျင်ကို အကူအညီပေးနိုင်ရန် အာရုံစူးစိုက်ခဲ့ပါသည်။ ထိုအချက်သည် လူသားတို့အတွက် လုံခြုံစိတ်ချစွာဖြင့် နေထိုင်နိုင်မှာ ဖြစ်ပါသည်။
ဤနှစ်ပေါင်း ၁၃၀ အတွင်း ကျွန်ုပ်တို့၏ မပြောင်းလဲသော ခံယူချက်များနှင့်အတူ နည်းပညာများအား နောင်မျိုးဆက်များတိုင်အောင် လက်ဆင့်ကမ်းပေးခဲ့ပါသည်။ ကမ္ဘာအနှံ့ရှိ လူသားများ၏ နေ့စဉ်ဘဝအတွက် ကျွန်ုပ်တို့ ကူဘိုတာမှ ကူညီပံ့ပိုးပေးလျက်ရှိပါသည်။

ကူဘိုတာ၏ စောင့်ကြည့်မှုများ

လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်လိုအပ်နေသော အရာများကိုပံ့ပိုးပေးနေပါတယ်

ကူဘိုတာ သည် ၁၈၉၀ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး တည်ထောင်သူ “ Mr.Gonshrio Kubota ” က ကျွန်ုပ်တို့၏ထုတ်ကုန်များသည် နည်းပညာအရသာလွန်ကောင်းမွန်ရုံသာမက လူ့မှုအဖွဲ့အစည်းကောင်းကျိုးများအတွက်လည်း အသုံးဝင်သင့်တယ်လို့ယုံကြည် ခဲ့ပါတယ်။ ဒီယုံကြည်မှုအပေါ်အခြေခံပြီးကျွန်ုပ်တို့သည် လူ့မှုအဖွဲ့အစည်းအတွက် အမှန်တကယ်လိုအပ်လျက်ရှိသည့်ထုတ်ကုန်များကိုသာ အစဉ်တစိုက် ထုတ်လုပ်ခဲ့ပါသည်။ယနေ့ကျွန်ုပ်တို့ကူဘိုတာသည် အစားအစာ၊ ရေနှင့်ပတ်၀န်းကျင်အတွက်မရှိမဖြစ်လိုအပ်သော ထုတ်ကုန်များကို ကမ္ဘာတစ်ဝှမ်းရှိစက်မှုလုပ်ငန်းများနှင့် လူသားတို့ဘဝ များကို ထောက်ပံ့ပေးလျက်ရှိပါသည်။

စတင်တည်ထောင်
1890
၀န်ထမ်းပေါင်း
41,000
၂၀၁၉တွင်
ရောင်းရငွေပေါင်း
1.9
ထရီလီယံယမ်း
နိုင်ငံပေါင်း ၁၁၀ နှင့်အထက်
120
နိုင်ငံခြားတွင်ရောင်းချရငွေ
67%
သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး
အသုံးစရိတ်
53.1
ဘီလီယံယမ်း

ခြောက်သွေ့သောလယ်ယာနှင့်
ဆန်စပါးစိုက်ပျိုးခြင်း
နှစ်ခုလုံးအတွက် အထူးပြုထားသော

စားနပ်ရိက္ခာ

စားနပ်ရိက္ခာနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အောင်မြင်မှုများ

ကူဘိုတာသည် ဆန်စပါးစိုက်ပျိုးသော လယ်ယာမြေများသာမက‌ ခြောက်သွေ့သော ယာမြေများတွက်စိုက်ပျိုးရေးသုံး ကိရိယာများကို ထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပါသည်။ကျွန်ုပ်တို့သည် မတာင်သူဦးကြီးများ၏ လိုအပ်ချက်များကို အစဉ်တစ်စိုက် လေ့လာကာ ၎င်းတို့၏လိုအပ်ချက်များနှင့်အညီ စက်ယန္တရားများကို တိုးမြှင့်ထုတ်လုပ်ပေးလျှက်ရှိပါသည်။လူဦးရေ တိုးပွားလာခြင်းကြောင့် ဖြစ်ပေါ်လာမည့် အစားအစာပြတ်လပ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် စိုက်ပျိုးရေးဂဏ္ဏတွင် စက်ပစ္စည်းများ အသုံးပြုခြင်းအားဖြင့် ကုန်ထုတ်စွမ်းအားတိုးမြှင့်ကာ စဉ်ဆက်မပြတ် အစားအစာပေါကြွယ်စွာ ထုတ်လုပ်လာနိုင်မှာ ဖြစ်ပါသည်။

စိုက်ပျိုးရေးပစ္စည်းများ ရှယ်ယာ
No.1
အာရှတွင် ရိတ်သိမ်းခြွေလှေ့စက် အများဆုံး နှင့် ယိုးဒယားတွင် ထွန်စက်ထုတ်လုပ်မှုအများဆုံး
ထွန်စက်အကြမ်းဖြင်း ထုတ်လုပ်မှု ပမာဏ
4
မီလီယံ

ကြွယ်ဝသော ရေရရှိမှုအတွက်
ပညာရှင်အဖြစ် ရှင်သန်လာခြင်း

ရေ

‌ရေနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အောင်မြင်မှုများ

ရေသည် ကူဘိုတာ စတင်တည်ထောင်ချိန်မှ စ၍ ကိုင်တွယ်ဖြေရှင်းခဲ့သော ကိစ္စတစ်ခုဖြစ်သည်။ ဂျပန်နိုင်ငံသည်ရေအရင်းအမြစ် ပေါကြွယ်ဝသောနိုင်ငံဖြစ်ပါသည်။ ကူဘိုတာ သည်ဂျပန်နိုင်ငံ၏ရေအရင်းအမြစ်အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုတွင် ဦး ဆောင်သူတစ် ဦး အဖြစ်သတ်မှတ်ခံရပြီး ၎င်းရေနှင့်ပတ်သက်သောဗဟုသုတများသည် ကုမ္ပဏီအား ကမ္ဘာတစ်ဝှမ်းလုံးလုံးမှယုံကြည်မှုကိုရရှိစေပါသည်။ ကမ္ဘာပေါ်ရှိလူသားများအတွက် ကောင်းမွန်သော ရေရရှိမှုနှင့် ကမ္ဘာကြီး၏ ရေအရင်းမြစ် ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် ကူဘိုတာ၏ နည်းပညာပိုင်း၊ကုန်ပစ္စည်းပိုင်းများနှင့် ကူညီပံ့ပိုးပေးလျှက်ရှိပါသည် ။

ထောက်ပံ့ပို့ဆောင်ပေးနိုင်ခဲ့သည်။
နိုင်ငံပေါင်း
70
ဂျပန်နိုင်ငံ၏ ‌ရေပေး‌ဝေ‌ရေး‌လုပ်ငန်းများတွင် ထောက်ပံ့ ပေးနိုင်ခဲ့သည်။‌
နှစ်ပေါင်း
120

ပိုမိုကောင်းမွန်သော
ဘဝနေထိုင်မှုအတွက်
တာဝန်သိမှု

လူမှုပတ်ဝန်းကျင်

လူမှုပတ်ဝန်းကျင်၌ ကျွန်ုပ်တို့၏အောင်မြင်မှုများ

ကူဘိုတာ ၏ ရည်မှန်းချက်နှစ်ရပ်ဖြစ်သော သန့်ရှင်းမှု ၊ ကြွယ်ဝချမ်းသာသောသဘာဝပတ်၀န်းကျင်နှင့် တိုးတက်သောလူမှုပတ်ဝန်းကျင် တို့ကိုကျွန်ုပ်တို့၏ကုန်ထုတ်လုပ်မှုများဖြင့်အောင်မြင်စွာဖေါ်ဆောင်ရန်ရည်ရွယ်ခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာလေထုညစ်ညမ်းမှုအတွက်ထည့်သွင်းစဉ်းစား၍ထိရောက်သော စွမ်းအင်ချွေတာထုတ်လုပ်မှု၊ ဖွံ့ဖြိုးတိုးတက်သောလူနေမှု ဘ၀ တိုးတက်လာစေရန်နှင့် သက်သောင့်သက်သာနေထိုင်နိုင်သည့် သဘာဝပတ်ဝန်းကျင်ကိုဖန်တီးထိန်းသိမ်းနိုင်ရန် ကတိက၀တ်ပြုပါသည်။

အသေးစားမြေတူးစက် အရောင်း ပမာဏ
No.1
ကမ္ဘာပေါ်တွင် ၁၈နှစ်တိုင်အောင် ရပ်တည်ခဲ့သည်။
ကမ္ဘာပေါ်တွင် စုစုပေါင်းအင်ဂျင် ထုတ်လုပ်မှု ပမာဏ
ခန့်မှန်း
30
မီလီယံ

ကမ္ဘာမြေနှင့်လူသားတို့ဘ၀များအတွက်

အစားအစာ၊ ရေနှင့်သဘာဝပတ်ဝန်းကျင်သည် လူသားတို့၏ရှင်သန်ရပ်တည်ရေးအတွက်မရှိမဖြစ်လိုအပ်သောအရာများဖြစ်ပါသည်။
Kubota Group သည် အနာဂါတ် ကမ္ဘာမြေ နှင့်လူသားတို့အတွက်ပေါကြွယ်ဝသောအစားအစာများထုတ်လုပ်မှုတွင်ပံ့ပိုးခြင်း ၊ အန္တရာယ်ကင်းသော ရေအရင်းအမြစ်ထောက်ပံ့ရေးနှင့် ပြန်လည်အသုံးပြုခြင်း ၊ သက်တောင့်သက်သာရှိသောသဘာဝပတ်၀န်းကျင်ဖန်တီးပေးခြင်းတို့အတွက် ကျွန်ုပ်တို့၏ ဆန်းသစ်သောထုတ်ကုန်များ မှတစ်ဆင့် နည်းပညာများနှင့် ဝန်ဆောင်မှုများဖြင့် ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ပါသည်။