ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ကောက်စိုက်စက်

အရှိန်အဟုန်စွမ်းအားအပြည့်နှင့်ကောက်စိုက်ခြင်း

လွယ်ကူရိုးရှင်းပြီး ပုံစံအသစ်နှင့်ကျွမ်းကျင်သောစိုက်ပျိုးရေး လုပ်ငန်းအတွက် ရှုထောင့်အသစ်ကို ဖွင့်လှစ်လိုက်ပါ။

ဂျပန်နိုင်ငံတွင် ဆန်ကို အဓိက စားနပ်ရိက္ခာအဖြစ် စဉ်းစားလိုက်ချိန်တွင် ကူဘိုတာ ကောက်စိုက်စက်များကို စတင်ထုတ်လုပ်လာခဲ့ပါသည်။ကူဘိုတာ ကောက်စိုက်စက်များကို အသုံးပြုခြင်းအားဖြင့် သင့်ရဲ့လုပ်ငန်းခွင်ဟာ ရိုးရှင်းပြီးမောင်းနှင်ရလွယ်ကူကာ ထုတ်လုပ်မှုစွမ်းအားကိုလည်း မြှင့်တင်ပေးပါလိမ့်မည်။ သေချာတာတစ်ခုကတော့ ကူဘိုတာ ကောက်စိုက်စက် သည် သမားရိုးကျကောက်စိုက်ခြင်းထက် ၂၀% ပိုမိုအကျိုးရှိစေနိုင်ပါသည်။ တောင်သူဦးကြီးတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လက်တွန်း နှင့် ထိုင်မောင်း အမျိုးအစား နှစ်မျိုးရှိပါသည်။

LINE UP

ထိုင်မောင်းအမျိုးအစား

19.6HP

ကူဘိုတာ ကောက်စိုက်စက်ဖြင့် အသုံးပြုခြင်းအားဖြင့် လူအင်အားအများအပြား အသုံးပြုရခြင်းကို လျော့ချစေပြီး တခြားသောသွင်းအားစုများကိုလည်း လျော့ကျစေပါသည်။ မောင်းနှင်ရလွယ်ကူပြီး သက်တောင့်သက်သာဖြစ်စေပါသည်။ ကူဘိုတာ ကောက်စိုက်စက် “SPV-6CMD” ကို အသုံးပြုခြင်းအားဖြင့် လူနှင့်စိုက်ပျိုးခြင်းထက် ၂၀% အထိ စပါးအထွက်တိုး စေပါသည်။ ကူဘိုတာ ခြောက်တန်းသွား ကောက်စိုက်စက် “SPV-6CMD” အမျိုးအစားသည် တောင်သူဦးကြီးတို့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အသင့်ပါ။

လက်တွန်းအမျိုးအစား

5HP

ကူဘိုတာ လက်တွန်းကောက်စိုက်စက်ကို အသုံးပြုခြင်းအားဖြင့် ပျိုးပင်များအတန်းလိုက်စိုက်ပျိုးနိုင်ပြီး လေဝင်လေထွက်ကောင်းမွန်ကာ မြစ်ပွားနှုန်းကောင်းမွန်စေတဲ့အတွက် အရည်အသွေးကောင်းမွန်သောစပါးပင်များကို ရရှိစေနိုင်ပြီး အထွက်နှုန်းတိုးတက်စေပါတယ်။ လူအင်အားအများအပြား အသုံးပြုရခြင်းကို လျော့ချစေပြီး သွင်းအားစုများကိုလျော့ကျစေပါသည်။ မောင်းနှင်ရလွယ်ကူစေပြီး တစ်နေ့တာအလုပ်ပြီးမြောက်မှုကို တိုးမြင့်ပေးနိုင်ပါတယ်။ ၄တန်း နှင့် ၆တန်း နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ ကောက်စိုက်လုပ်ငန်းကို တစ်နိူင်တစ်ပိုင်အသုံးပြုချင်တဲ့ တောင်သူဦးကြီးတို့အတွက် အသင့်တော်ဆုံးရွေးချယ်မှုတစ်ခုပါပဲ။

ဝန်ဆောင်မှု