ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ကျွန်ုပ်တို့၏ ကုမ္ပဏီ

မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးရှေ့ဆောင် အကောင်းဆုံးလယ်ယာ စိုက်ပျိုးရေးပစ္စည်းထုတ်လုပ်သူ

ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက် အကြောင်း

ကူဘိုတာကုမ္ပဏီအုပ်စု၏အသင်း၀င်အဖြစ် ကူဘိုတာမြန်မာကုမ္ပဏီလီမိတက်ကို ၂၀၀၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏စျေးကွက်အတွက် စိုက်ပျိုးရေးစက်ကိရိယာများကို ပံ့ပိုးပေးခဲ့သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မြန်မာလယ်သမားများအတွက် အကျိုးဖြစ်ထွန်းစေမည့် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို တိုးမြှင့်ပေးရန်နှင့်မြင့်မားသောနည်းပညာဖြင့် ၎င်းတို့၏ထုတ်ကုန်စွမ်းအားကို တိုးမြှင့်ပေးရန်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်ရန်

ကျယ်ပြန့်သောစျေးကွက်ချဲ့ထွင်မှုနှင့်အတူ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီအဖြစ် ဆက်လက်တိုးတက်စေရန် ဆောင်ရွက်ခြင်း၊ကျွန်ုပ်တို့၏အသင်းတွင် ပါ၀င်ရန် မတူကွဲပြားသော ၀န်ထမ်းများနှင့်ကုန်သည်များအား ကျွန်ုပ်တို့ရှာဖွေပြီး ကူဘိုတာ၏ တန်ဖိုးရှိသော ဖောက်သည်များအတွက် ပို့ဆောင်နိုင်ရန် ဆန္ဒရှိပါသည်။ စိန်ခေါ်မှု၊တိုးတက်မှု၊အောင်မြင်မှုများ ရရှိစေရန် ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပါ။

ကူဘိုတာအားရှာဖွေပါ

၁၈၉၀ခုနှစ်မှစ၍ ကူဘိုတာသည် ဂျပန်မှဆင်းသက်လာသော ၎င်း၏အဆင့်မြင့်နည်းပညာများဖြင့် အစားအစာ၊ရေနှင့်ပတ်ဝန်းကျင်နယ်ပယ်များတွင် ပါ၀င်ဆောင်ရွက်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာပြဿနာများကိုရင်ဆိုင်ရန် ခိုင်မာသည့်ကတိကဝတ်များဖြင့် ကူဘိုတာသည် စျေးကွက်၏လိုအပ်ချက်များကို နားထောင်ပြီး ပိုမိုကောင်းမွန်ပြီး သာယာဝပြောသောဘဝများအတွက် ထိုပြဿနာများကိုဖြေရှင်းနိုင်ခဲ့သည်။

ကျွန်ုပ်တို့ဘယ်သူလဲ

ဂျပန်နိုင်ငံအတွက် အစားအစာ၊ ရေနှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် အထူးကျွမ်းကျင်သူတစ်ဦးအဖြစ်နှစ်ပေါင်း ၁၃၀ တိုင်အောင် ထောက်ပံ့ပေးနိုင်ခဲ့ပါသည်၊၊

ကူဘိုတာ ကိုတည်ထောင်ပြီးချိန်မှစ၍ လူသားများအတွက် မရှိမဖြစ်လိုအပ်သော အစားအစာ၊ ရေနှင့် သဘာဝပတ်ဝန်းကျင်ကို အကူအညီပေးနိုင်ရန် အာရုံစူးစိုက်ခဲ့ပါသည်။ထိုအချက်သည် လူသားတို့အတွက် လုံခြုံစိတ်ချစွာ ဖြင့် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဤနှစ်ပေါင်း ၁၃၀ အတွင်းကျွန်ုပ်တို့၏ မပြောင်းလဲသော ခံယူချက်များနှင့်အတူ နည်းပညာများအား ‌နောင်မျိုးဆက်များ တိုင်အောင် လက်ဆင့်ကမ်းပေးခဲ့ပါသည်။ ကမ္ဘာအနှံ့ရှိလူသားများ၏နေ့စဉ်ဘ၀ အတွက် ကျွန်ုပ်တို့ ကူဘိုတာ မှကူညီပံ့ပိုးပေးလျက်ရှိပါသည်။

ထပ်မံလေ့လာရန်

ဂျပန်လူမျိုးတို့ ၏ ထူးချွန်မှု

ကူဘိုတာဂျပန်သာလျှင်ပေးစွမ်းနိုင်သော ထူးခြားသော အားသာချက်များ

ကူဘိုတာကိုပစိဖိတ်အနောက်မြောက်ကမ်းရိုးတန်းဒေသကျွန်းစုပေါ်ရှိ ဂျပန်နိုင်ငံတွင်မွေးဖွားခဲ့သည်။ ဂျပန်နိုင်ငံ သည်ထူးခြားပြီး စိန်ခေါ်မှုရှိသော ပတ်ဝန်းကျင်ရှိသည့်အတွက်ကြောင့်လူမှုဘ၀ကောင်းမွန်တိုးတက်စေရန် အမျိုးမျိူးသောတီထွင် စမ်းသစ်မှုများ လိုအပ်ပါသည်။ ကူဘိုတာသည် ကုန်ထုတ်လုပ်မှုတွင် လူမှုပတ်၀န်းကျင်အားရှေးရှုသော‌ကြောင့် ဂျပန်လူမျိုးများသည်အ မြဲတမ်း လုံခြုံမှုနှင့်ငြိမ်းချမ်းစွာနေထိုင်နိုင်လျှက်ရှိပါသည်။ ဂျပန်နိုင်ငံတွင် စတင်လာခဲ့ခြင်းအားသာချက်ကြောင့်- “ဂျပန်လူမျိုးတို့ ၏ ထူးချွန်မှု’’ဖြင့်ထုတ်လုပ်ထားသောထုတ်ကုန်များအား ကမ္ဘာအနှံ့သို့ပို့ဆောင်လျှက်ရှိသည်ကို တွေ့ရှိနိုင်ပါသည်။

ထပ်မံလေ့လာရန်