ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

၀န်ဆောင်မှုများ

သုံးစွဲသူစိတ်ကျေနပ်မှုအတွက် ကူဘိုတာပုံစံဝန်ဆောင်မှုပုံစံ

ကူဘိုတာထုတ်ကုန် သုံးစွဲသူများအား သာလွန်ကောင်းမွန်သည့် ၀န်ဆောင်မှုထောက်ပံ့ပေးခြင်းသည် ကျွန်ုပ်တို့၏ အဓိကဦးစားပေး ဖြစ်ပါသည်။ ကူဘိုတာမြန်မာ၀န်ဆောင်မှုဌာနသည် အရောင်းကိုယ်စားလှယ် ၀န်ဆောင်မှုဌာနများနှင့်ချိတ်ဆက်ပြီး ကျွမ်းကျင်မှုနှင့်အတွေ့အကြုံရှိသော အင်ဂျင်နီယာ နည်းပညာရှင် များဖြင့် ၀ယ်ယူသုံးစွဲသူများ၏ ယုံကြည်မှုနှင့်စိတ်ကျေနပ်မှုရရှိစေရန် ၀န်ဆောင်မှုပေးလျှက်ရှိပါသည်။

ဝန်ဆောင်မှုဆောင်ရွက်ချက်များ

ကူဘိုတာမြန်မာဝန်ဆောင်မှုဌာနမှ ဝန်ထမ်းများသည် အာမခံကာလအတွင်း စက်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ အခါအားလျော်စွာစက်အသုံးပြုသူများထံသွားရောက်ပြီး ကူဘိုတာထုတ်ကုန်များအသုံးပြုမှုအခြေအနေနှင့်ပတ်သက်၍ဆွေးနွေးအကြံပြုခြင်း များဆောင်ရွက်ပေးလျှက်ရှိပါသည်။

ကူဘိုတာမြန်မာဝန်ဆောင်မှုဆားဗစ်ရုံးများ

ကူဘိုတာမြန်မာသည် နိုင်ငံတစ်ဝှမ်းရှိကူဘိုတာသုံးစွဲသူများ အတွက်ပြည့်ဝသောဝန်ဆောင်မှုပေးနိုင်ရန် ဝန်ဆောင်မှုဆားဗစ်ရုံးများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ၂၀၁၉ ခုနှစ်အထိရုံးခွဲပေါင်း ၉ ရုံးဖွင့်လှစ်ကာ ရွေ့လျားဝန်ဆောင်မှုစနစ်ဖြင့် သုံးစွဲသူနေရာအထိ ရောက်ရှိ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ဝန်ဆောင်မှုဆားဗစ်ရုံးများ၏တည်နေရာနှင့်၎င်းတို့တာဝန်ယူရသောဒေသများမှာ

ရန်ကုန်ဆားဗစ်ရုံး

(တည်နေရာ-ရန်ကုန်မြို့၊တာဝန်ယူရသောဒေသ-ရန်ကုန်တိုင်းဒေသကြီး ၊ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၊ ဧရာဝတီတိုင်းဒေသကြီး)

မန္တလေးဆားဗစ်ရုံး

(တည်နေရာ-မန္တလေးမြို့၊တာဝန်ယူရသောဒေသမန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်း)

မော်လမြိုင်ဆားဗစ်ရုံး

(တည်နေရာ-မော်လမြိုင်မြို့၊တာဝန်ယူရသောဒေသ-မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး)

တောင်ကြီးဆားဗစ်ရုံး

(တည်နေရာ-တောင်ကြီးမြို့၊တာဝန်ယူရသောဒေသ-ရှမ်းပြည်နယ်(အရှေ့ပိုင်း၊တောင်ပိုင်း)၊ကယားပြည်နယ်)

ပြည်ဆားဗစ်ရုံး

(တည်နေရာ-ပြည်မြို့၊တာဝန်ယူရသောဒေသ-ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်)

နေပြည်တော်ဆားဗစ်ရုံး

(တည်နေရာ-နေပြည်တော်၊တာဝန်ယူရသောဒေသ-နေပြည်တော်၊ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၊မန္တလေးတိုင်းဒေသကြီး)

ပုသိမ်ဆားဗစ်ရုံး

(တည်နေရာ-ပုသိမ်မြို့၊တာဝန်ယူရသောဒေသ-ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်)

မကွေးဆားဗစ်ရုံး

(တည်နေရာ-မကွေးမြို့၊တာဝန်ယူရသောဒေသ-မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်)

ရွှေဘိုဆားဗစ်ရုံး

(တည်နေရာ-ရွှေဘိုမြို့၊တာဝန်ယူရသောဒေသ-စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်)

အရောင်းကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်မှု

အရည်အသွေးမြင့်မားပြီး စံနှုန်းမှီဝန်ဆောင်မှုဖြစ်စေရန် ကူဘိုတာမြန်မာ၏အရောင်းကိုယ်စားလှယ်များသည်ကူဘိုတာမြန်မာမှ အကြံပြုထားသည့်စံသတ်မှတ်ချက်များကိုလိုက်နာလုပ်ဆောင်ရမည်ဖြစ်သည်။

အခြေခံအဆောက်အဦး

အရောင်းကိုယ်စားလှယ်ဆိုင်များသည် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အကြံပြုထားသော အခြေခံအဆောက်အဦးများနှင့်အလုပ်ရုံများရှိရမည်။



ကိရိယာတန်ဆာပလာများ

အရောင်းကိုယ်စားလှယ်ဆိုင်များသည် ဝန်ဆောင်မှုလုပ်ငန်းများတွင်အသုံးပြုရန် ကိရိယာတန်ဆာပလာများကို အကြံပြုထားသည့်အတိုင်းရှိရမည် ဖြစ်သည်။



ဝန်ထမ်းအင်အားနှင့် သင်တန်းများ

အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ရောင်းချထားသည့်စက်အရေအတွက်အလိုက် ကူဘိုတာမြန်မာမှအကြံပြုထားသည့်အတိုင်း ဝန်ထမ်းအင်အားရှိရမည်ဖြစ်သည်။ကူဘိုတာမြန်မာသည် အရောင်းကိုယ်စားလှယ်ဆားဗစ်ဝန်ထမ်းများအတွက် နည်းပညာပိုင်းဆိုင်ရာသင်တန်းများကို သင်တန်းအစီအစဉ်အတိုင်း သင်ကြားပို့ချလျှက်ရှိပါသည်။ သင်တန်းအမျိုးအစားနှင့် သင်တန်းကာလမှာအောက်ပါအတိုင်းဖြစ်ပါသည်။



သင်တန်းများ သင်တန်းကာလ
အခြေခံထွန်စက်နှင့်ရိတ်သိမ်းခြွေလှေ့စက်သင်တန်း ၃ ရက်
ထွန်စက်ပြုပြင်ခြင်းနည်းစနစ်သင်တန်း ၅ ရက်
ရိတ်သိမ်းခြွေလှေ့စက်ပြုပြင်ခြင်းနည်းစနစ်သင်တန်း ၅ ရက်
စပါးစိုက်စက်ပြုပြင်ခြင်းနည်းစနစ်သင်တန်း ၅ ရက်
အခြေခံမြေတူးစက်သင်တန်း ၃ ရက်
မြေတူးစက်ပြုပြင်ခြင်းနည်းစနစ်သင်တန်း ၅ ရက်

သင်၏ကူဘိုတာကို ထိန်းသိမ်းခြင်း

မည်သည့်ပြဿနာမျိုးကိုမဆို ကာကွယ်တားဆီးရန်- သင်၏ပစ္စည်းကိရိယာ၏အ‌ခြေအနေကို ကောင်းစွာသိရန် အရေးကြီးသည်။ စတင်အသုံးမပြုခင် သင်၏ပစ္စည်းကိရိယာများကို အမြဲစစ်ဆေးပါ။

ထိခိုက်ဒဏ်ရာရရှိမှုမှကာကွယ်ရန် စက်ပစ္စည်းများကိုစစ်ဆေးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းပြုလုပ်မည်ဆိုလျှင် ညီညာသောမျက်နှာပြင်ပေါ်တွင် အင်ဂျင်ကို စက်ရပ်ထားခြင်း၊ ယာဉ်ရပ်နားဘရိတ်ကိုဆွဲထားပြီး နောက်တွဲကိရိယာကို မြေပြင်ပေါ်သို့ချထားစေခြင်း စသည်တို့ကိုသေချာစေပါ။

ကူဘိုတာစက်အများစုအတွက် ယေဘုယျနေ့စဉ်စစ်ဆေးရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ သင်၏ စက်မော်ဒယ်အလိုက်မောင်းနှင်သူ လက်စွဲတွင်ဖော်ပြထားသော အချက်အလက်များအတိုင်း လိုက်နာလုပ်ဆောင်ရန် ကျွန်ုပ်တို့အနေဖြင့်အကြံပြုအပ်ပါသည်။

နေ့စဥ်စစ်ဆေးရမည့် အချက်များ

  • စက်၏၀န်းကျင်လှည့်ပတ်စစ်ဆေးပါ။(မော်ဒယ်အားလုံးအတွက်)
  • တာယာဘီး ဘို့ နှင့်နတ်များ၏တင်းကျပ်မှု။
  • ခရော်လာ၏တင်းအား။ (သက်ဆိုင်သည့်စက်များ)
  • တာယာဖိအား၊ရိုလာများ၊ပွန်းစား သို့မဟုတ် ပျက်စီး /သို့မဟုတ် လမ်းကြောင်း ပျက်စီးခြင်း)
  • ကိုယ်ထည်ပျက်စီးခြင်းနှင့်ပွန်းစားခြင်း။
  • အန္တရာယ်သတိပေးတားမြစ်ခြင်းအညွှန်းများ၊ ရုပ်ပုံတံဆိပ်များ။
  • ဘို့၊နတ်နှင့်ပင်များစသည်တို့၏တင်းကျပ်အား။
  • ပုံမှန်မဟုတ်သော အသံနှင့်တုန်ခါခြင်းများ
  • အရည်ယိုစိမ့်မှုများရှိ/မရှိစစ်ဆေးပါ။
  • အင်ဂျင်ဆီအတိုင်းအတာ။
  • ထရန်စမစ်ရှင်း/ဟိုက်ဒရောလစ်ဆီအတိုင်းအတာများကို စစ်ဆေးပါ။
  • အအေးခံရည်အတိုင်းအတာစစ်ဆေးပါ။
  • ဆီနှင့်ရေခွဲထုတ်သည့်ကိရိယာအားစစ်ဆေးပါ။
  • ရေတိုင်ကီနှင့်ဇကာများသန့်ရှင်းရေး လုပ်ပေးပါ။
  • လေသန့်စင်သည့်လေစစ်များကိုစစ်ဆေးပါ။
  • ဘရိတ်ခြေနင်းများနှင့်ဘရိတ်စနစ်ကိုစစ်ဆေး ပါ။
  • ယာဥ်ရပ်နားဘရိတ်ကိုစစ်ဆေးပါ။
  • ကလပ်ခြေနင်းနှင့်ကလပ်စနစ်လုပ်ဆောင်မှု ကိုစစ်ဆေးပါ
  • အချက်ပြသင်္ကေတများ၊ ဂိတ်များနှင့် မီတာများကို စစ်ဆေးပါ။
  • မီးများကိုစစ်ဆေးပါ။
  • ထိုင်ခုံခါးပတ်ကိုစစ်ဆေးပါ။
  • ရွေ့လျားအစိတ်အပိုင်းများကိုစစ်ဆေးပါ။
  • လောင်စာဆီပြန်ဖြည့်ပါ

DOWNLOADS

၀န်ဆောင်မှုအကြံပေးချက်များ
၀န်ဆောင်မှုအကြံပေးချက်များ
၀န်ဆောင်မှုအကြံပေးချက်များ
၀န်ဆောင်မှုအကြံပေးချက်များ