ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ကူဘိုတာမြန်မာကုမ္ပဏီ လီမိတက် အကြောင်း

ကူဘိုတာ အကြောင်းပိုမိုသိရှိရန်

ကူဘိုတာမြန်မာကုမ္ပဏီလီမိတက် အကြောင်း

ကူဘိုတာမြန်မာကုမ္ပဏီသည် ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးစက်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ် ပြီး ကူဘိုတာကော်ပိုရေးရှင်း (ဂျပန်) ၏ အရောင်း ကုမ္ပဏီ ခွဲတစ်ခု အဖြစ် စက်တင်ဘာ ၂၀၁၅တွင် စတင်တည်ထောင်ခဲ့ပါသည်။

ကျွန်ူပ်တို့အနေဖြင့် လယ်ထွန်စက်၊ရိတ်သိမ်းခြွေလှေ့စက်၊စပါးစိုက်စက်၊ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့်၎င်းတို့နှင့်ဆက်စပ်လျှက်ရှိသော အပိုပစ္စည်းများကိုလည်း ကုန်သည် များမှတစ်ဆင့် မြန်မာပြည်တစ်ဝှမ်းလုံးသို့ ဖြန့်ချီပေးလျှက်ရှိပါသည်၊၊ကျွန်ူပ်တို့ ကုမ္ပဏီ သည်စက်မှုလုပ်ငန်းများအတွက်လည်း အကောင်းဆုံး ဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်၊၊

ကျွန်ုပ်တို့ ကုမ္ပဏီ ရုံးချူပ်မှာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါအထူးစီးပွားရေးစက်မှုဇုန်တွင်တည်ရှိပြီး၊ ဒေသအလိုက် ဝန်ဆောင်မှုပေးရန်အတွက် မြန်မာပြည်အနှံ့ ရုံးခွဲပေါင်း (၉)ခု အား ဖွင့်လှစ်ထားပါသည်။

ရည်ရွယ်ချက်

ကျွန်ူပ်တို့ လုပ်ငန်း၏ အဓိကရည်ရွယ်ချက်ကတော့ မြန်မာလူမျိုးတို့၏ဘဝကို ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန်ရည်ရွယ်ပါသည်။

ကျွန်တော်တို့သည် စိုက်ပျိုးရေးကဏ္ဍ၏ ကုန်ထုတ်လုပ်မှုတိုးတက်စေရန် ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးထုတ်ကုန်များနှင့်အတူ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းစဉ်များ၏ စက်မှုလယ်ယာကဏ္ဍနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို အရည်အသွေးတိုးတက်စေရန် အ‌ထောက်အကူပြုစေပါလိမ့်မည်။

ထို့အပြင် ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးသုံးစက်ပစ္စည်းများနှင့်အတူ မြန်မာလူမျိုးတို့၏ လူနေမှုအဆင့်အတန်း တိုးတက်ကောင်းမွန်စေရန်အတွက်လည်း အထောက်အကူဖြစ်စေပါလိမ့်မည်။

ကျွန်ုပ်တို့ ထုတ်ကုန်များ၏
စွမ်းဆောင်ရည်များ

ကူဘိုတာ၏ စိုက်ပျိုးရေးသုံး စက်ကိရိယာများသည် ဂျပန် နည်းပညာနှင့်တီထွင်ထုတ်လုပ်ထားပါတယ်။ကူဘိုတာ စိုက်ပျိုး ရေးသုံးစက်ကိရိယာ ကုန်ပစ္စည်းများ၏ စွမ်းဆောင်ရည်၊ အရည်အသွေးကောင်းမွန်မှု နှင့် မောင်းနှင်ရသက်တောင့်သက်သာရှိမှု တို့ကို ကမ္ဘာက အသိအမှတ်ပြုလျက်ရှိပါသည်။ ကူဘိုတာ သည် သင့်၏ လိုအပ်ချက်များအတွက် ကူညီပံ့ပိုးပေးရန်အသင့်ရှိလျက်ပါ။

ဝန်ဆောင်မှုများ

ကူဘိုတာ သည်မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကုန်ပစ္စည်းသုံးစွဲသူများဆီသို့ ဆားဗစ်ရုံးချုပ် (၉) နေရာ နှင့် ကိုယ်စားလှယ်ဆားဗစ်ရုံး (၂၄) နေရာတို့မှ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အပိုပစ္စည်းရရှိနိုင်မှု ကိုလည်း အထူးအလေးထားပြီး လျှင်လျှင်မြန်မြန် ရရှိနိုင်စေရန် စီစဉ်ထားရှိလျက်ရှိပါသည်။ကျွန်တော်တို့ ကူဘိုတာမြန်မာ နှင့် အရောင်းကိုယ်စားလှယ်ကြီးများမှ သင်၏လိုအပ်ချက်များကို အချိန်တိုတွင်း ကူညီပံ့ပိုးပေးရန် အသင့်ရှိနေပါသည်။

ကွန်ရက်များ

ကူဘိုတာ ၏ အရောင်းကိုယ်စားလှယ် (၂၄) ဦးမှသင့်အား မှန်ကန်သော ကူဘိုတာ ထုတ်ကုန်များ ရရှိစေရန် ကူညီပေးလျက်ရှိပါသည်။ ကူဘိုတာထုတ်ကုန်များကို ဝယ်ယူသုံးစွဲသူများအတွက် လျှင်မြန်သော ဝန်ဆောင်မှုနှင့် အပိုပစ္စည်းလွယ်ကူလျင်မြန်စွာရရှိနိုင်စေရေးအတွက် စံချိန်စံနှုန်းများနှင်အညီဆောင်ရွက်လျက်ရှိပါသည်။

ကော်ပိုရိတ် အကျဉ်းချုပ်

ကော်ပိုရိတ်၏နာမည်

ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ကူဘိုတာ ရုံးချုပ်

အကွက်နံပါတ် BD-1၊ ဇုန် B၊ သီလဝါအထူးစီးပွားရေးဇုန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။

တယ်လီဖုန်း
+95-012309207

အရောင်းဌာနရုံး

အကွက်နံပါတ် BD-1၊ ဇုန် B၊ သီလဝါအထူးစီးပွားရေးဇုန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။

တယ်လီဖုန်း
+95-9777719999

ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက် သမိုင်းကြောင်း

၁၉၅၃

မြန်မာနိုင်ငံအတွက် ပထမ ဦး ဆုံး လက်တွန်းထွန်စက်အား စတင် တင်သွင်းရောင်းချခဲ့ပါသည်။

၁၉၅၅

မြန်မာနိုင်ငံ၏ ဆည်မြောင်းကဏ္ဍအတွက် ရေစုပ်စက်ကို စတင်တင်သွင်းရောင်းချခဲ့ပါသည်။

၁၉၅၆

မြန်မာနိုင်ငံအတွက် အင်ဂျင်ပန့် after-sales service ကိုစတင်ခဲ့ပါသည်။

၁၉၆၂

မြန်မာနိုင်ငံ လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်မှုများအတွက် နည်းပညာဆိုင်ရာ သဘောတူမှု လက်မှတ်ထိုးခဲ့သည်။

၁၉၈၇

မြစ်ရေတင်ခြင်းလုပ်ငန်း ဟက်တာ ၁၀၀၀၀ အတွက် ရေစုပ်စက်များတင်ပို့နိုင်ခဲ့သည်။

၂၀၁၃

လယ်ထွန်စက်နှင့် ရိတ်သိမ်းခြွေလှေ့စက်များအား စတင်ရောင်းချနိုင်ခဲ့သည်။

၂၀၁၅

ကူဘို‌တာကော်ပိုရေးရှင်း၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအဖြစ် ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်အား စတင်ဖွဲ့စည်းခဲ့သည်။

၂၀၁၆

ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက် စတင်လည်ပတ်ခဲ့သည်။

၂၀၂၂

လယ်ယာသုံးစက်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် စက်ရုံအသစ်သို့ ပြောင်းရွေ့လည်ပတ်ခဲ့ပါသည်။

ကူဘိုတာ အဖွဲ့အစည်းအကြောင်း

ကူဘိုတာ အဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု အဖြစ် ဦးဆောင်နေသော ကုမ္ပဏီဖြစ်ပါသည်။အထူးသဖြင့် စိုက်ပျိူးရေး၊ရေနှင့်လူနေထိုင်မှုပတ်၀န်းကျင်အတွက်ထုတ်ကုန်များအား ကမ္ဘာပေါ်တွင် ကွန်ယက်ပေါင်း ၁၁၀ ကျော်ဖြန့်ကျက်ကာ ထုတ်လုပ်ဖြန့်ချီလျှက်ရှိပါသည်။ ၁၈၉၀မှစတင်ကာ ကူဘိုတာသည် ထူးခြားသောရှားပါးသော နည်းလမ်းဖြင့် စားနပ်ရိက္ခာ၊ရေနှင့်သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ကိစ္စရပ်များအား ကူညီဖြေရှင်းရန်၊ကြိုတင်သိမြင်ကာ နည်းပညာဖြင့်အားဖြည့် ကူညီခဲ့သည်။ယခုအချိန်တွင် ကူဘိုတာမှ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ၊ အင်ဂျင်များ၊ ဆောက်လုပ်ရေးသုံးစက်ပစ္စည်းများ၊ ရေ၊ သဘာ၀ပတ်၀န်းကျင်နှင့် သဟဇာတဖြစ်စေရန် ပြုပြင်ထုတ်လုပ်ထားသည့် ထုတ်ကုန်များနှင့်၀န်ဆောင်မှုအမျိုးမျိုးကိုလည်း ရရှိနိုင်ပါသည်။
“For Earth, For Life” ကို ကျွန်ုပ်တို့၏အမှတ်တံဆိပ်ကြေငြာချက် အဖြစ်ထားခြင်းအားဖြင့် ကူဘိုတာသည် ကျွန်ုပ်တို့၏ ၀ယ်ယူသူများအတွက် တန်ဖိုးမြင့်ထုတ်ကုန်များနှင့်ဖြေရှင်းချက်များကို ဆက်လက်ဖန်တီးသွားပါမည်။

ကူဘိုတာအားရှာဖွေပါ

ကူဘိုတာ ကို လှပစွာ‌ပြောင်းလဲလျက်ရှိသော ရာသီဥတု လေးမျိုးရှိသည့် ဂျပန်နိုင်ငံတွင်စတင်တည်ထောင်ခဲ့ပါသည်။
၁၈၉၀ ခုနှစ်မှစ၍ ဂျပန်နိုင်ငံ၏ ရေနှင့်မြို့ပြပတ်၀န်းကျင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပါအ၀င် ကျန်းမာ၍ ကောင်းမွန်ပြည့်စုံသော လူနေမှုပုံစံများ ကျယ်ပြန့်စွာ အကောင်အထည်ဖေါ်ဆောင်ရာတွင် အထောက်အပံ့ပေးနေခဲ့ပါတယ်

ကုမ္ပဏီကမ္ဘာလုံးဆိုင်ရာ ကူဘိုတာအဖွဲ့အစည်း

ကူဘိုတာ အဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု အဖြစ် ဦးဆောင်နေသော ကုမ္ပဏီဖြစ်ပါသည်။အထူးသဖြင့် စိုက်ပျိူးရေး၊ရေနှင့်လူနေထိုင်မှုပါတ်၀န်းကျင်အတွက်ထုတ်ကုန်များအား ကမ္ဘာပေါ်တွင် ကွန်ယက်ပေါင်း ၁၁၀ ကျော်ြဖန့်ကျက်ကာ ထုတ်လုပ်ဖြန့်ချီလျှက်ရှိပါသည်။

သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုကမ္ဘာလုံးဆိုင်ရာ ကူဘိုတာအဖွဲ့အစည်း

စားနပ်ရိက္ခာ၊ရေနှင့်ပတ်ဝန်းကျင်အတွက်သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုများမှတဆင့်ကမ္ဘာအနှံ့မကြုံစဖူးသောတန်ဖိုးနှင့်လှုံ့ဆော်မှုများကိုဖြန့်ဝေရန် အတွက်ဖြစ်တယ်