ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

အာမခံချက်

ကျွန်ုပ်တို့၏ ယုံကြည်မှုနှင့်ကတိကဝတ်

အရည်အသွေး နှင့် ယုံကြည်စိတ်ချမှု

(၁) ကူဘိုတာမှထုတ်လုပ်သော ကုန်ပစ္စည်းများ၏ မြင့်မားသောအရည်အသွေးနှင့် စွမ်းဆောင်ရည်ကြောင့် မြန်မာနိုင်ငံတွင် သာမက အခြားအာရှနိုင်ငံများနှင့်ကမ္ဘာတစ်ဝှမ်းတွင် ယုံကြည်စိတ်ချစွာ သုံးစွဲလျှက်ရှိနေပါသည်။

(၂) ကူဘိုတာသည်ထုတ်လုပ်ထားသော ထုတ်ကုန်အသစ်များအတွက် ပြည့်ဝသောအာမခံချက်များထားရှိပြီး ကူဘိုတာမြန်မာသည် ကူဘိုတာမှချမှတ်ထားသော အာမခံစည်းမျဉ်းများအတိုင်း တင်းကြပ်စွာလိုက်နာ ဆောင်ရွက်လျှက်ရှိပါသည်။

(၃) အရည်အသွေးမြင့် ကူဘိုတာကုန်ပစ္စည်းများကို အသုံးပြုသူများ၏ ယုံကြည်မှုနှင့်စိတ်ကျေနပ်မှုရရှိစေရန် ကူဘိုတာမြန်မာမှ ကုန်ပစ္စည်းများ၏ အာမခံကာလအတွင်း အရည်အသွေးနှင့်ထုတ်လုပ်မှုချို့ယွင်းချက်များအတွက် အာမခံချက်နှင့်တာဝန်ခံမှု အပြည့်အဝပေးရန် ကတိကဝတ်ပြုပါသည်။