ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

Kubota Myanmar Co.Ltd. မှ Covid-19 ရောဂါကာကွယ်ဆေးဝယ်ယူရန် ဖောင်ဒေးရှင်းသို့ အလှူငွေထည့်ဝင်ခြင်း

CSR

ဇန်နဝါရီ ၂၀ ၂၀၂၁

မျှဝေရန်

Kubota Myanmar Co.,Ltd. သည် မြန်မာနိုင်ငံရှိ Covid-19 ကာကွယ်ဆေးဝယ်ယူရန် ဖွဲ့စည်းထားသည့် ဖောင်ဒေးရှင်းသို့ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) တိတိ ပါဝင်လှူဒါန်းခဲ့ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် ဤအလှူငွေမှတဆင့် မြန်မာနိုင်ငံနှင့်ပြည်သူလူထုအား တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုးပေးနိုင်သည့်အတွက် ဝမ်းသာကျေနပ်မိပါသည်။

ဤကာကွယ်ဆေးသည် မြန်မာပြည်သူများအား ကာကွယ်ရန်အထောက်အကူပြုလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ရှေ့ဆက်၍လည်း Kubota Myanmar Co.,Ltd. သည် မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသားများ၏ဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယခုကဲ့သို့ အမြဲတမ်း ဆက်လက်ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။