ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ကူဘိုတာမြန်မာ၏ မြန်မာနိုင်ငံတွင်း‌ ကလေးသူငယ်များ၏အနာဂတ်ဖွံ့ဖြိုးရေးအတွက် အားပေးဆောင်ရွက်မှုများ

CSR

နိုဝင်ဘာ ၂၇၊ ၂၀၂၂

မျှဝေရန်

ဂျပန်နိုင်ငံအခြေစိုက် ကူဘိုတာမြန်မာကုမ္ပဏီလီမိတက်အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသလို တစ်ဖက်မှာလည်း မြန်မာနိုင်ငံအတွက် လူထုအကျိုးပြုလုပ်ငန်းများကို ၂၀၁၆ ခုနှစ်မှစတင်၍ တစ်တပ်တစ်အားပါဝင်ကူညီပေးလျက်ရှိပါသည်။

ယခုအခါ ဒီဇင်ဘာ ၂၇၊ ၂၀၂၂ ခုနှစ်တွင် ကျောင်းသုံးပစ္စည်း (ကျောပိုးအိတ်+ခဲတံ+ခဲဖျက်) အစုံရေ (၁၀၀၀) ကို မှော်ဘီမြို့နယ်၊ လပြည့်ဝန်းကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဂေဟာ တွင် သွားရောက်လှူဒါန်းခဲ့ရာ ကူဘိုတာမြန်မာ၏အရောင်းကိုယ်စားလှယ်များမှလည်း ပါဝင်အားဖြည့်ပေးခဲ့ကြပါသည်။ ထိုတွင် ကလေးများအတွက် ကျောင်းသုံးပစ္စည်းများသာမက စားသောက်ဖွယ်ရာများနှင့် ပျော်ရွှင်စွာဆော့ကစားနိုင်ရန် တယောက်ချင်း/ အဖွဲ့လိုက်ဂိမ်းများလည်းပြုလုပ်ပေးခဲ့ပြီး အစီအစဉ်အပြီးတွင် အနိုင်ရရှိသူများကို ဆုလက်ဆောင်များချီးမြှင့်ပေးခဲ့ပါတယ်။