ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

၂၀၂၃ ခုနှစ် ကူဘိုတာမြန်မာ၏ မြန်မာနိုင်ငံတွင်း‌ ကလေးသူငယ်များ၏အနာဂတ်ဖွံ့ဖြိုးရေးအတွက် အားပေးဆောင်ရွက်မှုများ

CSR

နိုဝင်ဘာ ၂၉၊ ၂၀၂၃

မျှဝေရန်

Kubota Myanmar သည် ဂျပန်နိုင်ငံ အိုဆာကာ မြို့ရှိ Kubota Cooperation ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ Kubota Cooperation တွင် ကတိကဝတ်တစ်ခုရှိပါတယ်။ ဒါကတော့ လူ့ဘောင်အဖွဲ့အစည်း၏ မျှော်မှန်းချက်များကို လုပ်ဆောင်ပေးနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ရည်ရွယ်ထားပြီး ထို့ကြောင့် "အစားအစာ" "ရေ" နှင့် "သဘာဝပတ်ဝန်းကျင်" များနှင့်သက်ဆိုင်သော အဓိကလုပ်ငန်းများအား အလေးထားဆောင်ရွက်လျှက်ရှိပါတယ်။ Kubota Cooperation အနေဖြင့်လည်း စီးပွါးရေးလုပ်ငန်းများလုပ်ကိုင်လျှက်ရှိသော နိုင်ငံတိုင်းရှိ လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုလုပ်ငန်းများကိုလည်း အလေးထားကာ တက်ကြွစွာ လုပ်ဆောင်ပေးလျှက်ရှိပါတယ်။

မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ CSR လှုပ်ရှားမှုများကို ၂၀၁၅ ခုနှစ်မှစတင်၍ ပြုလုပ်လာခဲ့ကာ ယခု ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ရက် တွင်လည်း ကလေးငယ်များ၏ စာပေအလင်းတံခါးကို အချိန်အခါမရွေး ပွင့်လင်းနိုင်ပြီး လုံခြုံစိတ်ချမှု ရရှိစေရန်ရည်ရွယ်ကာ ဆိုလာပါဝါ များအား မိဘမဲ့ကျောင်း (၁၀) ကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ထိုအခမ်းအနားတွင် ကလေးငယ်များ၏ ကျေးဇူးတင်ဖျော်ဖြေမှုများ၊ ထို့နောက် တစ်ဦးချင်းနှင့် အဖွဲ့လိုက်ပြိုင်ပွဲများတွင်လည်း စည်းလုံးညီညွတ်မှု၊စိတ်ဓာတ်ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

Kubota လူမှုအကျိုးပြုလုပ်ငန်းစဉ် ၂၀၂၃ အောင်မြင်စွာ ကျင်းပလုပ်နိုင်ရန် ပူးပေါင်းပါဝင်ပေးခဲ့ကြသော Kubota Myanmar ၏ တရားဝင်အရောင်းကိုယ်စားလှယ်တော်ကြီးများ ၊ အခမ်းအနားဖြစ်မြောက်အောင်ကူညီပေးပါသော ဆရာမကြီး ဒေါ်နီဆက်တင်ထူးနှင့် ဖိတ်ကြားထားသော ပရဟိတဂေဟာမှ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊Kubota Myanmar ၏ အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုက်ရပါတယ်ခင်ဗျာ။