ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ကူဘိုတာမြန်မာ၏ အရောင်းကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲ

၂၀၂၄ သတင်းများ

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄

မျှဝေရန်

၂၀၂၄ ခုနစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကူဘိုတာမြန်မာကုမ္ပဏီလီမိတက်သို့ အနယ်နယ်အရပ်ရပ်မှ ကူဘိုတာအရောင်းကိုယ်စားလှယ်ကြီးများလာရောက်ခဲ့ပြီး နှစ်စဉ်ပြုလုပ်လျက်ရှိသော Dealers Meeting ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးအစတွင် ကူဘိုတာမြန်မာ၏ မန်နေဂျင်းဒါရိုက်တာ “Mr.Kunitomo Sato” မှ အမှာစကားပြောကြားခဲ့ပြီး အရောင်းကိုယ်စားလှယ်ကြီးများအား သက်ဆိုင်ရာဌာနအသီးသီးမှ ကူဘိုတာစက်ပစ္စည်းများနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခြင်းများပြုလုပ်ခဲ့ပါသည်။

အရောင်းကိုယ်စားလှယ်ကြီးများဘက်မှလည်း ကုမ္ပဏီ၏ ရှေ့ဆက်သွားမည့်လုပ်ငန်းများနှင့်ပက်သတ်၍ ကူဘိုတာမြန်မာ၏ မန်နေဂျင်းဒါရိုက်တာ၊ သက်ဆိုင်ရာဌာနအသီးသီးမှ မန်နေဂျာများနှင့်အတူ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

Dealers Meeting အား မနက် ၈ နာရီမှ ညနေ ၃ နာရီခွဲအချိန်ထိ ကျင်းပခဲ့ရာ ဧည့်သည်တော်များအတွက် နေ့လည်စာအပါအဝင် ကော်ဖီနှင့် မုန့်များစီစဉ်ပေးခဲ့ပြီး ညနေစာကိုလည်း “PAN HLAING HOTEL” ၌ တည်ခင်းဧည့်ခံ့ခဲ့ပါသည်။