ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ကူဘိုတာမြန်မာ၏ Service Engineer Manager များနှင့် အရောင်းကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ

၂၀၂၄ သတင်းများ

ဇွန်၂၈ ၊ ၂၀၂၄

မျှဝေရန်

၂၀၂၄ ခုနစ်၊ ဇွန်လ ၂၈ရက်နေ့တွင် ကူဘိုတာမြန်မာကုမ္ပဏီလီမိတက်သို့ အနယ်နယ်အရပ်ရပ်မှ ကူဘိုတာအရောင်းကိုယ်စားလှယ်ကြီးများလာရောက်ခဲ့ပြီး KMCL ၏ Service Engineer Manager များနှင့်အတူ Dealers Service Manager Meeting ကို KMCL first floor Meeting Room တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးအစတွင် ကူဘိုတာမြန်မာ၏ အထွေထွေမန်နေဂျာ “Mr.Takayuki Yuza” မှ အမှာစကားပြောကြားခဲ့ပြီး အရောင်းကိုယ်စားလှယ်ကြီးများအား ဝန်ဆောင်မှုဌာနမှ ကူဘိုတာစက်ပစ္စည်းများနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။

အရောင်းကိုယ်စားလှယ်ကြီးများဘက်မှလည်း ထုတ်ကုန်များ၏ ဝန်ဆောင်မှုဆိုင်ရာများနှင့် ပက်သက်၍မေးမြန်းကာ ရှေ့ဆက်လုပ်ငန်းစဥ်များနှင့်အတူ ကူဘိုတာမြန်မာ၏ အထွေထွေမန်နေဂျာ၊ ဝန်ဆောင်မှုဆိုင်ရာဌာနမှ မန်နေဂျာများ၊ အင်ဂျင်နီယာများနှင့်အတူ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

Dealers Service Manager Meeting အား မနက် ၈ နာရီမှ ညနေ ၅ နာရီအချိန်ထိ ကျင်းပခဲ့ရာ ဧည့်သည်တော်များအတွက် နေ့လည်စာအပါအဝင် ကော်ဖီနှင့် မုန့်များစီစဉ်ပေးခဲ့ပြီး တည်ခင်းဧည့်ခံခဲ့ပါသည်။