ကူဘိုတာမြန်မာ၏ ဝန်ဆောင်မှုနည်းပညာကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၄
၂၀၂၄ ခုနစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် ကူဘိုတာမြန်မာကုမ္ပဏီလီမိတက်၏ ဝန်ဆောင်မှုနည်းပညာကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၄ ”Service Technical Skills Contest 2024” ပြိုင်ပွဲကို Kubota Myanmar ၏ Service Training Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် ကူဘိုတာမြန်မာ၏ အရောင်းကိုယ်စားလှယ်ကြီးများ၏ ကျွမ်းကျင်အင်ဂျင်နီယာများမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအစတွင် Kubota Myanmar ၏ မန်နေးဂျင်းဒါရိုက်တာ “Mr.Kunitomo Sato” မှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် KMCL Service Planning ဝန်ဆောင်မှုဌာနမှ တာဝန်ရှိသူများမှ ပြိုင်ပွဲပက်သက်သော လိုအပ်သည်များကို ဆက်လက်ဆွေးနွေးပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲကို စတင်ခဲ့ပါသည်။
ပြိုင်ပွဲကို အုပ်စု (၂)စုခွဲ၍ ကျင်းပပြူလုပ်ခဲ့ရာ Kubota GBS Co.,Ltd မှ Service Engineer Mr.Chit Min Wai မှ ပထမဆု၊ ASP Kubota Co.,Ltd မှ Service Engineer Mr. Aung Thet Naing မှ ဒုတိယဆု၊ Myanmar Shwe La Yaung Co.,Ltd မှ Mr. Saw Eh Kalu Wah မှ တတိယဆုကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ပါသည်။
“Service Technical Skills Contest 2024” ပြိုင်ပွဲအား မနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ ကျင်းပခဲ့ရာ ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်များအတွက် နေ့လည်စာအပါအဝင် ကော်ဖီနှင့် မုန့်များစီစဉ်ပေးခဲ့ပြီး တည်ခင်းဧည့်ခံခဲ့ပါသည်။