ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

ကူဘိုတာမြန်မာ၏ (၁၀)နှစ်ပြည့်အခမ်းအနား

၂၀၂၅ သတင်းများ

နိုဝင်ဘာလ (၁၁)ရက် ၊ ၂၀၂၅

မျှဝေရန်

ကူဘိုတာမြန်မာသည် မြန်မာ့စိုက်ပျိုးရေးကဏ္ဍကို အစဥ်တိုးတက်စေရန် ရည်ရွယ်ကာ ဂျပန်နိုင်ငံအခြေစိုက် Kubota Corporation ၏ မြန်မာပြည်ရုံးခွဲအဖြစ် Kubota Myanmar Co.,Ltd ကို 2015 ခုနှစ်မှ စတင်ရောက်ရှိခဲ့သည်မှာ ယနေ့ 2025 ခုနှစ်တွင် (၁၀)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

ကူဘိုတာမြန်မာ၏ (၁၀)နှစ်ပြည့်အခမ်းအနားကို ရန်ကုန်၊ ကျောက်တံတားမြို့နယ်ရှိ The Eravati Slue Grand Yangon Hotel တွင် ၂၀၂၅ နိုဝင်ဘာ(၁၁)ရက်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ Kubota Corporation ၏ Senior Managing Executive Officer Mr. Yoshimitsu Ichibashi မှ အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဂျပန်သံအမတ်ကြီးနှင့် Kubota Myanmar ၏ Managing Director Mr.Kunitomo Sato တို့မှ အမှာစကားပြောကြားခဲ့ပါသည်။

ပွဲအခမ်းအနားအား ကူဘိုတာဂျပန်၏ ၏ Senior Managing Executive Officer၊ ကူဘိုတာမြန်မာ၏ Managing Director နှင့် General Manager များ၊ အရောင်းကိုယ်စားလှယ်တော်ကြီးများ၊ ကူဘိုတာမြန်မာ၏ ဝန်ထမ်းများမှ တက်ရောက်ကာ နံနက်စာနှင့်နေ့လည်စာဘူဖေးအစီအစဥ်များဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ကူဘိုတာမြန်မာသည် ယခုလို (၁၀)နှစ်ပြည့်မှသည် နှောင်နှစ်ပေါင်းစွာတိုင် မြန်မာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူဦးကြီးများနှင့် တစ်သားတည်အတူရှိလျက် ရတုအဆက်အဆက်တိုင် အစဥ်ပံ့ပိုးကူညီကာ ရှေ့ဆက်သွားရန် ဆန္ဓပြုလိုက်ရပါသည်။