ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

၂၀၂၄ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံးဆုရရှိသော ကူဘိုတာမြန်မာ

၂၀၂၅ သတင်းများ

နိုဝင်ဘာလ (၁၉) ရက် ၊ ၂၀၂၅

မျှဝေရန်

ကူဘိုတာမြန်မာသည် ၂၀၂၄ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံးနေရာတွင် ထိပ်တန်းနေရာရရှိခဲ့ကာ ဂျပန်အခြေစိုက် ကူဘိုတာရုံးချုပ်ထံမှ ရောင်းအားအကောင်းဆုံးဆုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ဆုလက်ခံရရှိခဲ့ပါသည်။

တောင်သူဦးကြီးများ၏ အကြိုက်နှစ်သက်ဆုံးနှင့် ရွေးချယ်မှုအမြင့်ဆုံး ထုတ်ကုန်ဖြစ်ခဲ့ပြီး ရောင်းအားပိုမိုမြင့်တက်လာသည်နှင့်အမျှ ကူဘိုတာ၏ထုတ်လုပ်မှုကဏ္ဍလဲ တိုးတက်လာကာ (၁၀)နှစ်တာကာလအတွင်း ၂၀၂၄ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံးဆုကို ရရှိခဲ့ပါသည်။

ကူဘိုတာမြန်မာ၏ ထူးချွန်သော ဝန်ထမ်း‌ကောင်းများ၊ ကူဘိုတာ၏အကောင်းဆုံးဝန်ဆောင်မှုများအပြင် အနယ်နယ်အရပ်ရပ်ရှိ အရောင်းကိုယ်စားလှယ်တော်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုကဏ္ဍသည်လည်း အထူးတလည်အရေးပါမှုကြောင့် ကူဘိုတာမြန်မာသည် ယခုလို အကောင်းဆုံးထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါသည်။