ကူဘိုတာမြန်မာ၏ ဝန်ထမ်းများအား “မဟာဗျူဟာကျသော စီမံခန့်ခွဲမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲဖြေရှင်းခြင်းစွမ်းရည် သင်တန်း” ပို့ချခြင်းအခမ်းအနား

ကူဘိုတာမြန်မာ၏ မန်နေဂျာများအား ပိုမိုကောင်းမွန်သော တိုးတက်မှုနှင့်အတူ “မဟာဗျူဟာကျသောစီမံခန့်ခွဲမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲဖြေရှင်းခြင်း”၊၊ “ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်မှုနှင့် သက်ဆိုင်သော မဟာဗျူဟာကျသောစီမံခန့်ခွဲမှု”၊ “ခေါင်းဆောင်မှုနှင့် အဖွဲ့လိုက်လုပ်ဆောင်မှု”စတဲ့ သင်တန်းကို နိုဝင်ဘာလ (၂၀)ရက်နှင့် (၂၁)ရက်နေ့၊ ၂၀၂၅ ခုနှစ်တွင် ကူဘိုတာမြန်မာရုံးချုပ်၌ သင်တန်းပို့ချခဲ့ပါသည်။
အဆိုပါ သင်တန်းအား (၂)ရက်တာကျင်းပခဲ့ပြီး ဝန်ထမ်းများအား စီးပွားရေးလုပ်ငန်းခွင်တိုင်းတွင် အကောင်းဆုံးသောရလာဒ်ရရှိစေရန်အတွက် အချိန်နှင့်အလုပ်ကိုစီမံခန့်ခွဲတတ်စေရန်၊ အသစ်သစ်သော လုပ်ငန်းဆိုင်ရာနည်းဗျူဟာများ အကောင်အထည်ဖော်တတ်စေရန်၊ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများကို မဟာဗျူဟာကျဖြေရှင်းတတ်စေရန်စတဲ့ သင်ခန်းစာအကြောင်းအရာများအပြင် လုပ်ငန်းခွင်နှင့်ပက်သက်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်စီမံခန့်ခွဲခြင်းစတဲ့ လုပ်ငန်းစဥ်များကို စာတွေ့လက်တွေ့သင်တန်း ပို့ချခဲ့ပါသည်။
သင်တန်းတက်ရောက်လာသော ကူဘိုတာမြန်မာ၏ မန်နေဂျာများအနေဖြင့်လည်း လုပ်ငန်းခွင်နှင့်ပက်သက်သော အကြောင်းအရာများ၊ သင်ခန်းစာများ၏ အသေးစိတ်ဗဟုသုတများနှင့် ပက်သက်သော သင်ခန်းစာအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။
ကူဘိုတာမြန်မာအနေဖြင့် မိမိတို့၏ဝန်ထမ်းများအား လုပ်ငန်းခွင်နှင့်ပက်သက်သော စည်းမျဥ်းစည်းကမ်းများအပြင်၊ အရည်အသွေးပြည့်ဝပြီး ထူးချွန်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်ကာ သက်ဆိုင်ရာ သင်တန်းအမျိုးအစားအလိုက် ပို့ချပေးလျက်ရှိပါသည်...။










