ကူဘိုတာမြန်မာ၏ နှစ်စဥ်ကျင်းပလျက်ရှိသော အရောင်းကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား

၂၀၂၆ ခုနှစ်၊ မတ်လ(၆) ရက်နေ့တွင် ကူဘိုတာမြန်မာ၏ နှစ်စဥ်ကျင်းပလျက်ရှိသော “အရောင်းကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲအခမ်းအနား”ကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ အနယ်နယ်အရပ်ရပ်ရှိ အရောင်းကိုယ်စားလှယ်တော်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းဝေးပွဲအခမ်းအနားအတွင် Kubota Myanmar ၏ တာဝန်ရှိသူ မန်နေးဂျင်းဒါရိုက်တာ Mr.Kunitomo Sato မှ အဖွင့်အမှာစကားပြောကြားပြီး ကူဘိုတာမြန်မာ၏ သက်ဆိုင်ရာဌာနအသီးသီးမှ မန်နေဂျာများမှ ဝန်ထမ်းများမှ ကူဘိုတာထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လိုအပ်သည်များကိုဆွေးနွေးကာ ၂၀၂၆ ၏ ထုတ်ကုန်အသစ်ကိုလည်း အရောင်းကိုယ်စားလှယ်တော်များထံ မိတ်ဆက်ခဲ့ပါသည်။
ကူဘိုတာမြန်မာ၏ အရောင်းကိုယ်စားလှယ်တော် အသီးသီးမှလည်း ကူဘိုတာမြန်မာ၏ အသစ်သစ်သော ထုတ်ကုန်များနှင့်တကွ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် လိုအပ်သောအကြောင်းအရာများကို ထည့်သွင်းဆွေးနွေးခဲ့ကာ ကူဘိုတာမြန်မာ၏ တာဝန်ရှိသူများမှလည်း ပြန်လည်ဆွေးနွေးဖြေကြားမှုများ ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားကို မနက် (၈)နာရီ မှ နေ့လည်(၃)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီးနောက် တက်ရောက်လာခဲ့သော အရောင်းကိုယ်စားလှယ်တော်ကြီးများအား နံနက်စာနှင့် နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ထို့နောက် ညနေပိုင်းအစီအစဥ်အဖြစ် ညစာစားပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ညနေ (၆) နာရီ မှ ည(၉)နာရီအထိ ဆက်လက်ကျင်းပပြုလုပ်ကာ ဖျော်ဖြေရေးအစီအစဥ်များအပြင် အရောင်းကိုယ်စားလှယ်တော်ကြီးမျာအား ဆုလက်ဆောင်များချီးမြှင့်ကာ အခမ်အနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ အခမ်းအနားအား တက်ရောက်ခဲ့ကြသော Kubota Myanmar ၏ အရောင်းကိုယ်စားလှယ်တော်ကြီးများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။














