ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

သတင်းများ

နောက်ဆုံးရလှုပ်ရှားမှုနှင့်အချက်အလက်များ

၂၀၂၂ သတင်းများ

သတင်းများ

နိုဝင်ဘာ ၂၂၊ ၂၀၂၂

ကူဘိုတာမြန်မာ၏ ရုံးဖွင့်ပွဲအလှူမင်္ဂလာ

နိုဝင်ဘာ ၂၂ရက် ၂၀၂၂ ခုနစ်တွင် ကူဘိုတာကုမ္ပဏီလီမီတက်၏ ရုံးအသစ်တက်ခြင်းအခမ်းအနားအဖြစ် သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်း၊ သင်္ကန်း၊ ဝတ္တုငွေ စသော လှူဖွယ်အစုစုဖြင့် လှူဒါန်းခြင်း အန္တရာယ်ကင်းပရိတ်တရားနာကြားခြင်းများပြုလုပ်ခဲ့ပြီး မန်နေဂျင်းဒါရိုက်တာ၊ ဌာနအသီးသီးမှ မန်နေဂျာများနှင့်အတူ ကူဘိုတာဝန်ထမ်းများလည်း ပါဝင်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် ရုံးဝန်ထမ်းများအား အစားအသောက်ကျွေးမွေးခြင်းအစီအစဉ်ကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပါသည်။

သတင်းများ

ဩဂုတ် ၁၀၊ ၂၀၂၂

ကူဘိုတာ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချမှုရှိစေရေးအတွက် Safety Training

၂၀၂၂ ခုနစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ကူဘိုတာ ဝန်ထမ်းများအတွက် Safety Training ကို ကူဘိုတာမြန်မာ သီလဝါအထူးစီးပွားရေးစက်မှုဇုန်ရှိ ရုံးချုပ်၌ စီစဉ်ပေးခဲ့ပါသည်။ ထို Safety Training တွင် ကူဘိုတာ ဝန်ထမ်းများလုပ်ငန်းခွင်အတွင်း အထိအခိုက်မရှိ လုံခြုံစိတ်ချမှုရှိစေရေးအတွက် သတိထားလုပ်ဆောင်ရမည့်အချက်များကို WIN OSHE SAFETY ACADEMY မှ Trainer တစ်ဉီးမှ ဉီးဆောင်ဆွေးနွေးခဲ့ပြီး အနယ်နယ်/ အရပ်ရပ်မှ ကူဘိုတာ ဝန်ထမ်းများကလည်း အပြန်အလှန်ဆွေးနွေးမှုများ၊ အဖွဲ့လိုက် ဆောင်ရွက်ချက်များ၊ Presentation များဖြင့် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့ကြပါသည်။

မော်ကွန်းတိုက်

2020