ကူဘိုတာမြန်မာ၏ အရောင်းကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲ
၂၀၂၃ ခုနစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကူဘိုတာမြန်မာကုမ္ပဏီလီမိတက်သို့ အနယ်နယ်အရပ်ရပ်မှ ကူဘိုတာအရောင်းကိုယ်စားလှယ်ကြီးများလာရောက်ခဲ့ပြီး နှစ်စဉ်ပြုလုပ်လျက်ရှိသော Dealers Meeting ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးအစတွင် ကူဘိုတာမြန်မာ၏ မန်နေဂျင်းဒါရိုက်တာ “Mr.Kunitomo Sato” မှ အမှာစကားပြောကြားခဲ့ပြီး အရောင်းကိုယ်စားလှယ်ကြီးများအား စက်ရုံအတွင်းသို့ လှည့်လည်ပြသခြင်း၊ ကူဘိုတာစက်များအား လက်တွေ့မောင်းနှင်သရုပ်ပြခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ ကူဘိုတာစက်ပစ္စည်းများနှင့်ပတ်သတ်သည့်အကြောင်းအရာများကို ဆွေးနွေးတင်ပြခြင်းများပြုလုပ်ခဲ့ပါသည်။ အရောင်းကိုယ်စားလှယ်ကြီးများဘက်မှလည်း ကုမ္ပဏီ၏ ရှေ့ဆက်သွားမည့်လုပ်ငန်းများနှင့်ပတ်သတ်၍ ကူဘိုတာမြန်မာ၏ မန်နေဂျင်းဒါရိုက်တာ၊ သက်ဆိုင်ရာဌာနအသီးသီးမှ မန်နေဂျာများနှင့်အတူ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
Dealers Meeting အား မနက် ၈ နာရီမှ ညနေ ၃ နာရီခွဲအချိန်ထိ ကျင်းပခဲ့ရာ ဧည့်သည်တော်များအတွက် နေ့လည်စာအပါအဝင် ကော်ဖီနှင့် မုန့်များစီစဉ်ပေးခဲ့ပြီး ညနေစာကိုလည်း “NOVOTEL YANGON MAX” Hotel ၌ တည်ခင်းဧည့်ခံ့ခဲ့ပါသည်။