ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်

သတင်းများ

နောက်ဆုံးရလှုပ်ရှားမှုနှင့်အချက်အလက်များ

၂၀၂၃ သတင်းများ

၂၀၂၂ သတင်းများ

သတင်းများ

နိုဝင်ဘာ ၂၂၊ ၂၀၂၂

ကူဘိုတာမြန်မာ၏ ရုံးဖွင့်ပွဲအလှူမင်္ဂလာ

နိုဝင်ဘာ ၂၂ရက် ၂၀၂၂ ခုနစ်တွင် ကူဘိုတာကုမ္ပဏီလီမီတက်၏ ရုံးအသစ်တက်ခြင်းအခမ်းအနားအဖြစ် သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်း၊ သင်္ကန်း၊ ဝတ္တုငွေ စသော လှူဖွယ်အစုစုဖြင့် လှူဒါန်းခြင်း အန္တရာယ်ကင်းပရိတ်တရားနာကြားခြင်းများပြုလုပ်ခဲ့ပြီး မန်နေဂျင်းဒါရိုက်တာ၊ ဌာနအသီးသီးမှ မန်နေဂျာများနှင့်အတူ ကူဘိုတာဝန်ထမ်းများလည်း ပါဝင်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် ရုံးဝန်ထမ်းများအား အစားအသောက်ကျွေးမွေးခြင်းအစီအစဉ်ကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပါသည်။

သတင်းများ

ဩဂုတ် ၁၀၊ ၂၀၂၂

ကူဘိုတာ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချမှုရှိစေရေးအတွက် Safety Training

၂၀၂၂ ခုနစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ကူဘိုတာ ဝန်ထမ်းများအတွက် Safety Training ကို ကူဘိုတာမြန်မာ သီလဝါအထူးစီးပွားရေးစက်မှုဇုန်ရှိ ရုံးချုပ်၌ စီစဉ်ပေးခဲ့ပါသည်။ ထို Safety Training တွင် ကူဘိုတာ ဝန်ထမ်းများလုပ်ငန်းခွင်အတွင်း အထိအခိုက်မရှိ လုံခြုံစိတ်ချမှုရှိစေရေးအတွက် သတိထားလုပ်ဆောင်ရမည့်အချက်များကို WIN OSHE SAFETY ACADEMY မှ Trainer တစ်ဉီးမှ ဉီးဆောင်ဆွေးနွေးခဲ့ပြီး အနယ်နယ်/ အရပ်ရပ်မှ ကူဘိုတာ ဝန်ထမ်းများကလည်း အပြန်အလှန်ဆွေးနွေးမှုများ၊ အဖွဲ့လိုက် ဆောင်ရွက်ချက်များ၊ Presentation များဖြင့် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့ကြပါသည်။

၂၀၂၁ သတင်းများ

သတင်းများ

ဒီဇင်ဘာ ၂၂ ၂၀၂၁

ကူဘိုတာမြန်မာ၏ အရောင်းကိုယ်စားလှယ်များမှ ဝန်ဆောင်မှု မန်နေဂျာများ အစည်းအဝေး

၂၀၂၁ ခုနစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ကူဘိုတာ စက်ပစ္စည်းများနှင့် သက်ဆိုင်သော လိုအပ်ချက်များ၊ အခက်အခဲများနှင့် ဈေးကွက်သတင်းအချက်အလက်များအား တွေ့ဆုံဆွေးနွေးကြသည့် “Dealer Service Manager Meeting” ကို Online မှတဆင့် ကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ အရောင်းကိုယ်စားလှယ်ကြီးများ၊ ကူဘိုတာမြန်မာမှ Service General Manager နှင့် Team member များတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

သတင်းများ

နိုဝင်ဘာ ၁၅ ၂၀၂၁

ကူဘိုတာ စက်ရုံသစ် ပန္နက်ရိုက် အခမ်းအနား

သီလဝါ အထူးစီးပွားရေးဇုန် Zone-B တွင်ဆောက်လုပ်လျက်ရှိသော ကူဘိုတာ ကုမ္ပဏီ၏ အဆောက်အဦးသစ်အား ပန္နက်ရိုက်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်နေ့၌ ကျင်းပခဲ့ရာ ကူဘိုတာမြန်မာ၏ Managing Director နှင့်တကွ ဌာနအသီးသီးမှ Manager များတက်ရောက်ခဲ့ကြပါတယ်။

၂၀၂၀ သတင်းများ

သတင်းများ

ဇူလိုင် ၂၇ ၂၀၂၀

ကူဘိုတာတရားဝင်အရောင်းကိုယ်စားလှယ်ကြီးများ​​၏ဝန်ထမ်းများ အား ကူဘိုတာ​ထုတ်ကုန်သစ်များနှင့်ပတ်သတ်၍ဗဟုသုတများမျှဝေခြင်း

ကူဘိုတာမှ customers များ​၏ လိုအပ်ချက်များကို ကူညီရန် အမြဲအဆင်သင့်ရှိနေပါတယ်။

သတင်းများ

ဇူလိုင် ၁၀ ၂၀၂၀

အပိုပစ္စည်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သတ်၍တွေ့ဆုံဆွေးနွေးပွဲ

ကူဘိုတာစက်အပိုပစ္စည်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက် ၂၀၂၀ ခုနှစ်တွင် ကူဘိုတာမြန်မာ ကုမ္ပဏီလီမိတက်၌ ကျင်းပခဲ့ပါသည်။ အပိုပစ္စည်းစျေးကွက် အခြေအနေများ မျှဝေခြင်းနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေမည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြပါသည်။ ထိုအစည်းအဝေးတွင် ကူဘိုတာမြန်မာ၏ တရားဝင် အရောင်းကိုယ်စားလှယ်များအားလုံး တက်ရောက်ခဲ့ကြပါသည်။

သတင်းများ

ဇူလိုင် ၁၀ ၂၀၂၀

One Kubota 2020 Video

ကမ္ဘာတစ်ဝှမ်းလုံးရှိ ကူဘိုတာ၀န်ထမ်းများသည် ''For Earth,For Life''အမှတ်တံဆိပ်အောက်တွင်အစားအစာနှင့်ရေများ ပြတ်တောက်မှုမရှိစေရန်နှင့် ပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းရန်ဆက်လက်ကြိုးစား လုပ်ဆောင်နေကြပါသည်။

သတင်းများ

မေ ၁၉ ၂၀၂၀

ကိုဗစ် ၁၉ အတွက် လှူဒါန်းကူညီမှုများ

ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်လျက်ရှိသော ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် Kubota Myanmar မှ တစ်ထောင့်တစ်နေရာတွင် ဝင်ရောက်အားဖြည့်လျက်ရှိပါသည်။

မော်ကွန်းတိုက်

2020